Main menu

Background

ပွင့်လင်းရာသီတွင် မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ကုန်သွယ်မှုပမာဏတိုးတက်လာမည့် အလားအလာရှိ

Tue, 10/30/2018 - 12:57 -- journal_editor

     မောင်တောကုန်သွယ်ရေးစခန်းမှ လယ်ယာထွက် ကုန်ပစ္စည်းများအနေဖြင့်  ဆန်၊ မြေပဲ(အခွံပါ)၊ ချင်း(စို)၊ ကွမ်းသီး၊ ဒညင်းသီး၊ နနွင်းတက်နှင့် အခြားပစ္စည်းများအား လည်းကောင်း၊ ရေထွက်ပစ္စည်းများအနေဖြင့် ငါးမြစ်ချင်း၊ ငါးနီတူခြောက်၊ ငါးပါးခြားခြောက်၊ ငါးလေးခြောက်များ အား လည်းကောင်း၊ စက်မှုကုန်ချော ပစ္စည်းများအနေဖြင့် ဆီးယိုထုပ်၊ သနပ်ခါးခဲ၊ နေကြာစေ့၊ ကွေကာအုပ်၊ ဆပ်ပြာ၊ သကြားလုံးနှင့် အခြားပစ္စည်းများအားလည်းကောင်း တင် ပို့ပြီး သွင်းကုန်ပစ္စည်းများအား ၂၀၁၇ ခုနှစ် ဩဂုတ်လ နောက်ပိုင်း တင်သွင်းနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါ သည်။
ယခုတလော  မောင်တော   ကုန်သွယ်ရေးစခန်းမှ အဓိကတင်ပို့နေသော  ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်းဖြစ် ကြောင်း   တွေ့ရှိရပါသည်။   ငါးမြစ်ချင်းမှာ ရန်ကုန်မှ စစ်တွေ၊ စစ်တွေမှ ဇက်ကူးတို့ဖြင့်ကူးပြီး ၎င်းမှတစ်ဆင့် အငူမော်၊ မောင်တောလမ်းအတိုင်း အအေးခန်းမော်တော် ယာဉ်ဖြင့် တင်ပို့ခြင်းဖြစ်ပါသည်။ အအေးခန်း မော်တော် ယာဉ်တစ်စီးလျှင် ငါးမြစ်ချင်း၅၀ဝဝKGထိပါရှိပြီး ရန်ကုန် မှ မောင်တောဆိပ်ကမ်းအရောက် ကားခမှာ၂၁ သိန်းခန့်ရှိ ကြောင်း သိရှိရပါ သည်။ ငါးမြစ်ချင်းမှာ တစ်ဖက်နိုင်ငံတွင် စားသုံးမှုများလာပြီး ဝယ်လိုအား  ကောင်းမွန်လာကြောင်း သိရှိရပါသည်။
  မိုင်(၅၀)ခန့်ရှည်လျားသည့် အငူမော်-မောင်တော ကားလမ်းမှာ ကွန်ကရစ်လမ်း ထက်ဝက်ခန့်ခင်းပြီးဖြစ်၍ ယခုပွင့်လင်းရာသီတွင်  အပြီးခင်းရန်  ရည်ရွယ်ထား ကြောင်း   သိရှိရပါသည်။  ယခင်က  ကုန်ပစ္စည်းများကို စစ်တွေ - ဘူးသီးတောင်(ရေလမ်း)၊ ဘူးသီးတောင်-မောင် တော (ကားလမ်း)အတိုင်း အဆင့်ဆင့်တင်ချ ပြုလုပ်သယ် ယူရသဖြင့် ကုန်ကျစရိတ် ကြီးမြင့်ကြောင်း  တွေ့ရှိရပြီး ယခုအခါ ရန်ကုန်မှမောင်တောသို့ ကားဖြင့်တစ်ဆင့်တည်း သယ်ယူသည့်  လမ်းကြောင်းအား အသုံးပြုလာသဖြင့် ကုန်ကျစရိတ် အထိုက်အလျောက် သက်သာလာကြောင်း တွေ့ရှိရပါသည်။   အငူမော်-မောင်တောလမ်းတစ်ခုလုံး ကွန်ကရစ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကုန်ပစ္စည်း များကို မြန်မြန်ဆန်ဆန်လွယ်ကူချောမွေ့စွာ သယ်ဆောင် လာနိုင်မည်ဖြစ်၍ ကုန်သွယ်မှုပမာဏ  တိုးတက်လာမည့် အရိပ်လက္ခဏာများကို မြင်တွေ့နေရပါကြောင်း သုံးသပ် ရရှိပါသည်။

ကျော်ဇေယျ(မောင်တော)