Main menu

Background

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန် ပစ္စည်းများနဲ့ ရေထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့

Tue, 10/30/2018 - 13:01 -- journal_editor

       မြန်မာ-တရုတ်နယ်စပ်ရှိ   ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ အောက် တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ သီတင်း ပတ်အတွင်း  အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၅၃ သန်း တန်ဖိုးရှိ လယ်ယာ ထွက်ကုန် ပစ္စည်းတန်ချိန် ၅၉၅၃ တန် ကျော်နဲ့  အမေရိကန်ဒေါ်လာ သုည ဒသမ ၇၄၃ သန်း   တန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်း တန်ချိန် ၃၈၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။
ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါ က လယ်ယာထွက်ကုန်ပစ္စည်းမှာ တန် ချိန် ၁၆၂၃ တန်ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ   ၁ ဒသမ ၇၁၃ သန်းနဲ့ ရေထွက်ပစ္စည်းမှာ တန်ချိန် ၉၆ တန်ကျော် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၄၁ သန်း ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။  အဓိကအနေနဲ့ လယ်ယာထွက်ကုန်ပစ္စည်းမှ  နှမ်းနက်၊ နှမ်းဖြူ၊   နှမ်းညို၊  ပဲယင်း၊  ပဲတီစိမ်း၊ မြေပဲဆန်တို့နဲ့ ရေထွက်ပစ္စည်းမှ  ငါးရှဉ့် (အရှင်)၊ ပုစွန်၊ ရေငံငါးတို့တင်ပို့မှု ပိုမို ခဲ့တာကို  တွေ့ရှိရပါတယ်။   ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းအနေနဲ့ ကုန် သွယ်မှု ပိုမိုတိုးတက်ရေးအတွက် သက် ဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်များအား တွန်းအားပေး စည်းရုံးကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သိရပါတယ်။

မောင်မောင်(ချင်းရွှေဟော်)