Main menu

Background

မူဆယ်ဈေးကွက်၌ ကြက်သွန်နီ ဈေးငြိမ်လျက်ရှိ

Wed, 08/21/2019 - 14:48 -- journal_editor

      မူဆယ်မှ တရုတ်နယ်စပ်သို့  ကြက်သွန်နီ တင်ပို့မှုမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ ကြက်သွန် နီတင်ပို့တန်ချိန်မှာ ၁၈၆၄ ဒသမ ၇၅ တန်၊ တစ်တန်ဈေးမှာယွမ် ၁၈၆၀ ဖြစ်ပြီး မြန်မာကျပ်ငွေအနေဖြင့် ကျပ်  ၄၀၀၀၀၀၊ တစ်ပိဿာဈေး အနေဖြင့် ၂ ဒသမ ၉ ယွမ်၊ မြန်မာငွေကျပ် ၆၄၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။

       ကြက်သွန်နီဈေးမှာ မတ်လတွင် တစ်ပိဿာ ကျပ် ၄၀၀ ဝန်းကျင်၊ မတ်လကုန်တွင် ကျပ် ၅၀၀ ဝန်းကျင်ဧပြီလနှင့် မေလတွင် ကျပ် ၄၅၀ ဝန်းကျင်ဖြင့်ရောင်းခဲ့ရပြီး ဇွန်လ ဒုတိယ ပတ်တွင် ကျပ်  ၆၀၀ ဝန်းကျင်ဖြင့် အရော င်းအဝယ်ဖြစ်နေရာမှ ဇူလိုင်ဒုတိယပတ်အထိ ကျပ် ၈၃၀ ဝန်းကျင်၊ ဇူလိုင် နောက် ဆုံးပတ်အထိ ကျပ် ၇၃၀ ဝန်းကျင်၊ သြဂုတ် ပထမပတ်အထိ ကျပ် ၆၄၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ငွေဈေး မှာ တစ်ယွမ်လျှင် ၂၁၅ ကျပ်ခန့်ရှိသည်။ တရုတ်ဈေးကွက်တွင် မြန်မာနိုင်ငံမှ ကြက်သွန်နီကို နှစ်စဉ် တင်သွင်းလျက်ရှိပြီး ယခုနှစ်တွင် ယခင်နှစ်ကထက် ပိုမို တင်သွင်းလာသည်ကိုတွေ့ရှိရသည်။ တရုတ်နိုင်ငံကုန်သည် များသည် ကြက်သွန်နီကို  Shallet အတွက်ကိုသာ ဦးစားပေး ဝယ်ယူသည်ကိုတွေ့ရှိရသည်။ လက်ရှိ ဝယ်ယူမှုအခြေအနေ မှာ ပုံမှန်အတိုင်းဖြစ်ပြီး ဈေးငြိမ်လျက်ရှိသည်။

 

မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန