Main menu

Background

အရောင်းအဝယ်အေးနေသည့် ပြည်မန်ကျည်းမှည့်

Wed, 08/21/2019 - 15:00 -- journal_editor

     ပြည်ခရိုင်ဒေသတွင်းနှင့် နယ်များတွင် မိုးများဆက်တိုက်ရွာသွန်းပြီး ရေကြီး ရေလျှံမှုနှင့်  မိုးအရွာများခြင်းကြောင့် အရောင်းအဝယ်များလည်း သိသိသာသာ အေးလာသဖြင့် ပြည်မန်ကျည်းမှည့်ပွဲရုံများတွင် ယခုရက်ပိုင်း အရော င်းအဝယ်သိပ် မဖြစ်ဘူးဟု ပွဲရုံပိုင်ရှင်တစ်ဦးကဆိုသည်။ ရန်ကုန်၊ ရခိုင်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရာတွင်လည်း မုန်တိုင်းများ ရှိခြင်းကြောင့် အဝယ်နည်းနေသည်။ မန်ကျည်းမှည့်ဈေးမှာ လက်လီသမား အနည်းငယ်က လိုသလောက်ပိဿာ ၁၀ လောက်သာ တစ်ဦးလျှင် အဝယ်ရှိကြပြီး ဈေးနှုန်း မှာ ယခင်တစ်ပတ်ဈေးအတိုင်းသာဖြစ်ကြောင်း သိရသည်။ ယခုတစ်ပတ် မန်ကျည်းမှည့်တစ်ပိဿာ (ပွဲရုံ)ဈေး ကျပ် ၂၁၀၀ ဖြစ်သည်။ မန်ကျည်းသီးစိမ်း  တစ်ပိဿာ ကျပ် ၄၀၀၀ ဈေးတို့ဖြင့် ဈေးကွက်တွင် ရောင်းချနေသည်။

 

နီနီဝင်း (ပြည်)