Main menu

Background

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး နယ်စပ်လမ်းကြောင်းများ ကြပ်မတ်ရမည်

Tue, 09/03/2019 - 14:16 -- journal_editor

     မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ စီးပွားရေး ထိခိုက်နစ်နာမှုများရှိနေသည်။ တရားမဝင် ကုန်သွယ်မှု များသည် စားသုံးသူ ပြည်သူလူ ထုကိုလည်း ထိခိုက်နစ်နာမှုရှိစေသည်။ နိုင်ငံ၏ အခွန်ဘဏ္ဍာကို လည်း ထိခိုက်နစ်နာလျော့ပါးစေသည်။ ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံအတွင်း အားယူနေ ဆဲ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMES) ကိုလည်း အင်အား ဆုတ်ယုတ်ကျဆင်းေ အာင် ဆိုးကျိုး ရိုက်ခတ်စေပြန်သည်။ တရားမဝင်ကုန်သွယ်မှုသည် အဘက်ဘက်က ထိခိုက် နစ်နာအောင်သာ ပြုလုပ်နေသည့် နိုင်ငံဖျက်လက်နက် တစ်မျိုး ဖြစ်နေသဖြင့် ယင်းကိစ္စကို အပြီးတိုင်သုတ်သင် ချေမှုန်းဖို့လိုသည်။
တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံအဖို့ ခေတ်အဆက် ဆက် မသမာမှုလုပ်ငန်းအဖြစ် တည်ရှိခဲ့၏။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းက မှောင်ခိုလုပ်ငန်းအဖြစ် ရှိလာခဲ့သည်။ မှောင်ခိုလုပ်ငန်းဟူသည် အဂတိ လိုက်စားမှုကို များစွာ အားပေး အားမြှောက်ပြုခဲ့သည်။ တရားမဝင်ကုန်သွယ်မှုကို ဒီမိုကရေစီခေတ်ဦး အစိုးရဟုခေါ်သည်။ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်တွင် မိုဘိုင်းတင်းမ် (Mobile  Teamာ) အဖွဲ့များဖွဲ့ပြီး ဖော်ထုတ် ဖမ်းဆီးနှိမ်နင်းခြင်း များ ပြုလုပ်ခဲ့သည်။  ယင်းသို့ မိုဘိုင်းတင်းမ်အဖွဲ့များ စွမ်းဆောင် ချက်ကြောင့် တရားမဝင်ကုန်သွယ်မှုများ အထိုက်အလျောက် လျော့ ကျခဲ့သည်။   ယခုအစိုးသစ်လက်ထက်တွင် 'တရားမဝင် ကုန် သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ'ကို ဖွဲ့စည်းထားသည်။ ဦးဆောင် ကော်မတီဥက္ကဋ္ဌမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေဖြစ်သည်။ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းဖြစ်၏။ ဦးဆောင်ကော်မတီ အတွင်းရေးမှူးကိုတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးအား ခန့်အပ်ထား၏။ အဖွဲ့ ဝင်များက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စီးပွား ရေးအဖွဲ့အစည်းများ၏ တာဝန်ရှိ ပုဂ္ဂိုလ်များစသည်ဖြင့် ၃၉ ဦး ပါဝင် ဖွဲ့စည်းထားသည်ဟု သိရ၏။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို  နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၁၉ ဖြင့် ဖွဲ့စည်းခြင်း ဖြစ်ပြီး လုပ်ငန်းတာဝန် ၁၃ ရပ်ချမှတ်ထားသည်။ ဦးဆောင်ကော်မတီ ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် တာဝန်ခံဝန်ကြီးဌာနအဖြစ် စီးပွားရေး နှင့် ကူးသန်းရောင်း၀ ယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဟုလည်း လေ့လာသိရှိရသည်။
      တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို သြဂုတ် ၁၆ ရက်က နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။ ဦး ဆော င်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။ အမှာစကား ပြောကြားရာတွင် အများပြည်သူ သိသင့်သိထိုက်သည်များ အများ အပြားပါဝင်သည်။ သိသင့်သည့် အဓိကအချက် များကို ကောက်နုတ် တင်ပြပါမည်။ တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ တိုက် ဖျက်နိုင်ရေး ချမှတ်ထားသည့် လုပ်ငန်းတာဝန် ၁၃ ရပ်ကို လုပ်ငန်း ကဏ္ဍအလိုက် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင် ရေး ဝိုင်းဝန်အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ကနဦး စတင်ပြောဆိုသည်။ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများသည် လုပ်ငန်းကော် မတီများ၊ ဆပ်ကော်မတီ များနှင့် အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရမည်။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်များသည်လည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ကော်မတီ များဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ အကောင် အထည်ဖော်ရမည်။ တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် ကာကွယ်ခြင်းနှင့် အတူ တရားမဝင်ကုန်သွယ်မှုများကို တရားဝင်ကုန်သွယ်မှုများအဖြစ် ပြောင်းလဲ ရောက်ရှိလာရေး ဦးတည်ဆောင်ရွက်ရမည်။ ထိုသို့ ဆောင် ရွက်ရာတွင် ပြည်သူများနှင့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုက လွန်စွာအရေးကြီးလာသည်။  တရားမဝင် ကုန်သွယ်မှုအန္တရာယ်များကို ပြည်သူများသိရှိ ပြီး အသိပညာတိုးပွားလာရေး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျ က်ရေးတွင် ပူးပေါင်းပါဝင်လာရေး၊ တရားမဝင် ကုန်စည်များအားပေးခြင်းက ရှောင်ရှားရေးတို့ကို ဆောင်ရွက်ပေး ရမည်ဟုလည်းဆိုသည်။ ထို့ပြင် ပုဂ္ဂလိကကဏ္ဍကလည်း မိမိတို့ဝန်း ကျင်တွင် ရှိနေသည့်တရားမဝင် ကုန်သွယ် မှုလုပ်ငန်းများ ဖော်ထုတ် ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်လည်း တိုက်တွန်းကြရမည်ဟု ပြော ကြားခဲ့သည်။
       ထို့ပြင် ဦးဆောင်ကော်မတီဥက္ကဋ္ဌသည် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး မြန်မာနိုင်ငံ၏ အခြေအနေကိုလည်း ပွင့်လင်းမြင်သာ ထုတ်ဖော်ပြောကြားသည်။ တရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်ပြီး The Economist Intelligence Unit (EIU)  စီးပွားရေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးယူနစ်အဖွဲ့က ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အခြေအနေအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် အဆင့် ၈၂ နေရာတွင် ရပ်တည်နေပြီး ရမှတ်မှာလည်း ၂၃ မှတ်သာ ရရှိထားသည် တွေ့ရ ကြောင်း ဆို၏။ ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန် သွယ်မှုအခြေအနေ အညွှန်းကိန်းကို ညွှန်းကိန်းလေးခုဖြင့် တိုင်းတာ သည်။ အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာရှိသည့် ကုန်သွယ်မှု နှင့် အကောက်ခွန်ဆိုင်ရာ  လုပ်ငန်းစဉ်တို့ဖြစ်သည်ဟုဆိုသည်။ တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုး တက်မှုကို အဓိကအဟန့်အထားဖြစ်စေသော အဓိကအချက်များ ထဲက အချက်တစ်ချက်ဖြစ်နေသည်။ တရားမဝင် ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသည်နှင့်အမျှ တရားမဝင် လုပ်ကိုင်နေသော  လုပ်ငန်းများကို  အဟန့် အတားဖြစ်သည်။ နှစ်အလိုက် ကုန်သွယ်မှု ပမာဏများကို လေ့လာကြည့်လျှင် ပင်လယ် ရေကြောင်း ကုန်သွယ်မှုပမာဏက မြင့်တက် လာသော်လည်း နယ်စပ်ကုန်သွယ်မှုပမာဏ က လျော့ကျသွားသည်ကို တွေ့နေရသည်။ နယ်စပ်ကုန်သွယ်မှု ပမာဏ လျော့ကျခြင်းသည် တရားမဝင် ကုန် သွယ်မှုနှင့် ဆက်စပ်နေသည်။ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ကုန်သွယ်မှုစာရင်းဇယားများ လေ့လာကြည့် ရာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ကွာဟမှုရှိနေသည်ကို တွေ့ရသည့်အတွက် တရားမဝင် နယ်စပ်ကုန်သွယ်မှုပမာဏ မည်မျှ ကြီးမားနေသည်ကို မှန်းဆကြည့်နိုင်ကြလိမ့်မည်။ ထို့ပြင် တရားမဝင် သစ်ခိုးထုတ်မှုသည် စီးပွားရေးကို ထိခိုက်စေသည့်အပြင် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးကိုလည်း ထိခိုက်စေမည်၊ ကုန်ပစ္စည်းအတုအပ များ အထူးသဖြင့် ဆေးဝါးနှင့် အရက်အတုများသည် စီးပွားရေးကို ထိခိုက်စေရုံမျှမက စားသုံးသူများ၏ ဘေးကင်းမှုကိုလည်း ထိခိုက် စေနိုင်သည် စသည်ဖြင့်လည်း ပြောကြားခဲ့ပါသေးသည်။
      လက်ရှိအခြေအနေသည် နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်နေသည်မို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တရားမဝင် ကုန်စည်များနှင့် ပြိုင် ဆိုင်ရောင်းချနိုင်စွမ်း ခက်ခဲ လာပြီး ရပ်တည်နိုင်ရန် လျော့နည်းလာသည်။ ထို့ကြောင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင်ပြည် နယ်များနှင့် စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးစသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုတွင် တရားမဝင်ကုန် သွယ် မှုများ တားဆီးထိန်း ချုပ်ရေးအထူးအဖွဲ့များ ဖွဲ့စည်းထားပြီး ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်နေသည်။ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဖမ်းဆီးအရေးယူမှု ၆၆၉ ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ ဒသမ ၈၂၈ ဘီလီယံ ဖမ်းဆီး နိုင်ခဲ့ကြောင်းသိရ၏။ ထို့ပြင် တရားမဝင်ကုန်သွယ်မှု နှိမ်နင်းရေး ပိုမိုထိရောက်စေရန် သတင်းပေးသူ၊ ဖမ်းဆီးသူအဖွဲ့များအား ဖမ်းဆီး ရမိသည့်ပမာဏအရ အချိုးကျခွဲ ဝေပေးသည့် ဆုငွေချီးမြှင့်မှု အစီ အစဉ်လည်း ကျင့်သုံးေ နကြောင်း ကောက်နုတ်တင်ပြလိုက်ရပါသည်။

 

မောင်လွင်ပြင်