Main menu

Background

အိန္ဒိယနိုင်ငံက တင်သွင်းလိုသည့် မြန်မာ့သစ်ကြားသီးခြောက်

Thu, 09/12/2019 - 15:05 -- journal_editor

      မြန်မာနိုင်ငံတွင်ထွက်ရှိသည့် သစ်ကြားသီးခြောက်များကို အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနက စိုက်ပျိုးထုတ်လုပ်ရန် စိတ်ဝင်စားမှုရှိသည့်အတွက် အိန္ဒိယနိုင်ငံရှိ မြန်မာစီးပွားရေးသံမှူးနှင့် ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာ့ သစ်ကြားသီးခြောက်ကို တင်သွင်းရန် အလားအလာရှိကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် သစ်ကြားသီးကို ကချင်ပြည်နယ် ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ စိန်လုံဒေသများနှင့် ပူတာအိုဒေသရှိ ခါးလန်၊ ဇီယာဒမ်း၊ လုံးနေ ကျးရွာများတွင် စိုက်ပျိုးကြပြီး  သစ်ကြားသီးခြောက်များသည် အောက်တိုဘာလတွင် စတင်၍ ဈေးကွက်အတွင်း ဝင်ရောက်သည်ကို သိရှိရသည်။

     ယခုအချိန်တွင် သစ်ကြားသီးခြောက်  လက်ကျန်နည်းချိန်ဖြစ်၍ တစ်လုံး ကျပ် ၁၀၀ ပေးဝယ်ရပြီး တရုတ်နိုင်ငံမှ လာသော သစ်ကြားသီးခြောက်ကို တစ်လုံး ကျပ် ၁၅၀ ပေးဝယ်ရသည်။ သစ်ကြားသီးပင်သည် နှစ်ရှည်သီးနှံ ပင်ဖြစ်ပြီး အေးသောတောင် ပေါ်ဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းကြောင်း သိရှိရသည်။

 

ဌေးလှိုင်(မနောမြေ)