Main menu

Background

ပြည်ပမှတင်သွင်းလာမည့် ၁၀ ယောက်စီးမှ ၁၂ ယောက်စီးအထိ Mini Bus ယာဉ်များ တင်သွင်းခွင့် လျှောက်ထားရာတွင် သတ်မှတ်ချက်များ ထုတ်ပြန်

Wed, 09/18/2019 - 10:09 -- journal_editor

      ပြည်ပမှတင်သွင်းလာမည့် ၁၀ ယောက်စီး မှ ၁၂ ယောက်စီးအထိ Mini Bus ယာဉ်များ  လျှောက်ထားရာတွင် အောက်ပါသတ်မှတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) တစ်ဖက်နိုင်ငံ၏ မူရင်း Invoice တင်ပြရမည်။
(ခ)    တစ်ဖက်နိုင်ငံ စက်ရုံ၏ မော်တော်ယာဉ် Catalogue မူရင်း၊ User Manual တင်ပြရမည်။
(ဂ)    Chassis Code/ Vin Code ကို တစ်ပါတည်း ဖော်ပြရမည်။
(ဃ)   Catalogue နှင့် User Manual တင်ပြရာတွင် မော်တော်ယာဉ်၏ အရွယ်အစား၊ အင်ဂျင်ပါဝါဖော်ပြရမည်။
(င)    အထက်ပါအချက်များပြည့်စုံပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ Mini Bus သတ်မှတ်ချက် ကိုက်ညီမှုရှိ၊ မရှိကို သဘောထားမှတ်ချက်တောင်းခံပြီး Mini Bus သတ်မှတ်ချက်ကိုက်ညီမှသာ   သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုပါမည်။

 

 မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ (၅-၉-၂၀၁၉)