Main menu

Background

သဘာဝမြစ်ငါးတန်ကို သားဖောက်၍ ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်

Tue, 10/01/2019 - 14:23 -- journal_editor

     ပြည်တွင်းရှိ သဘာဝမျိုးရင်းဖြစ် သည့် မြစ်ငါးတန်ကို သားဖောက်မွေး မြူ၍ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။ " မြစ်ငါးတန်ကို သားဖောက်သွား မှာဖြစ်သလို နောက်ထပ် ဗီယက်နမ် ငါးတန်တောင်ရှည်ဆိုတာ တစ်မျိုးရှိပါ သေးတယ်။ အဲဒါကို ကန်တော်ကြီးငါး ပြတိုက် ဖျက်သိမ်းလိုက်တဲ့အချိန်မှာ ငါး လုပ်ငန်းဦးစီးဌာနကို လွှဲပေး လို့ရတာပါ။ အဲဒီနှစ်မျိုးကို သီးသန့်ထားပြီးတော့ ဖောက်မှာပါ။ သားဖောက်လို့ရလာရင် အဲဒါတွေကို ဒေသတွင်းမျိုးရင်းအနေနဲ့ ဆက်မွေးသွားပြီး မျိုးရင်းအဖြစ် သား ဖောက်နိုင်ပြီဆိုရင် လက်ရှိစခန်းမှာရှိ နေတဲ့ ငါးတန်တွေကို အကုန်ရှင်းထုတ် ပစ်မှာပါ" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး၏ ၁၆  ကြိမ်မြောက် သားငါး ကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ တွေ့ဆုံပွဲ တွင် ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။
      ငါးတန်သားဖောက်မှုအတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တွံတေးမှ သား ဖောက်ရရှိသည့် အကောင် ၂၀ ခန့်ကို လှော်ကားသားဖောက်စခန်းသို့ ပြောင်း ရွှေ့သယ်ယူထားပြီး စမ်းသပ်သားဖောက် မှုများ ပြုလုပ်နေကြောင်း၊ လက်ရှိတွင် လည်း မြစ်ငါးတန်နှင့် ဗီယက်နမ် ငါးတန် တောင်ရှည်ကို ဒေသမျိုးငါးအဖြစ် မွေး မြူနိုင်စေရန် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ တာဝန်ရှိ သူများထံ တင်ပြထားကြောင်း သိရသည်။ လက်ရှိ ပြည် တွင်း၌ မွေးမြူထုတ် လုပ်နေသည့် ငါးတန်မျိုးစိတ်များသည် ံပစသစအ့ေူာကျ နှင့် သြခသကမအင တို့ ပေါင်းစပ်နေသည့်အတွက် မျိုးစိတ်ကွဲ ခြားသတ်မှတ်ရန်  အခက်အခဲရှိနေ ကြောင်း၊ ယင်းအတွက်ကြောင့် တရုတ် နိုင်ငံသို့ ငါးတန်တင်ပို့ရာတွင် မျိုးစိတ် အမည်ထောက်ခံပေးရန် ပြဿနာရှိနေ ကြောင်း သိရသည်။ မြန်မာ့ ရေထွက်ကုန်ပစ္စည်းများ ကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေ ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း ကွန် တိန်နာတစ်လုံး စမ်းသပ် တင်ပို့ရာ တရုတ် နိုင်ငံ၏ ဝက်ဘ်ဆိုဒ်၌ မှတ်ပုံတင်ထား ခြင်းမရှိသည့်အတွက် နားလည်မှုဖြင့်သာ  တင်ပို့ခဲ့ရကြောင်း  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

ချောစု