Main menu

Background

ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုနှင့်ဈေးနှုန်းများ

Tue, 10/01/2019 - 14:33 -- journal_editor

     ၂၀၁၉ ခုနှစ် ၊  စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း မယ်စဲ့နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကယားပြည်နယ် လွိုင်ကော်မြို့မှ ထိုင်း နိုင်ငံ၊ မယ်ဟောင်ဆောင်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၃၄၉၀ တန်ဖိုးရှိ ကြက်သွန်နီ ၈ ဒသမ ၉ တန်တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ဘက်မှတစ်ဆင့် ပြန်လည်တင်သွင်းမှုများမှာ အမေရိကန် ဒေါ်လာ ၇၃၈၀ တန်ဖိုးရှိ ဟင်းချိုမှုန့် ၆ ဒသမ ၁၃ တန် ၊ အမေရိကန်ဒေါ် လာ ၆၀၀ တန်ဖိုးရှိ ဘာလီကော်ဖီမစ် ၀ ဒသမ ၃၀ တန်တို့ဖြင့် စုစုပေါင်းကုန်သွယ်မှု ပမာဏတန်ဖိုး ၃၁၄၇၀ ဒေါ်လာ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းစာရင်းများအရ သိရှိရသည်။
      စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ကယားပြည်နယ်မှ မန္တလေး မြို့သို့ ဒေသထွက်ဧည့်မထဆန်အိတ် စုစုပေါင်း ၂၂၅၀ အိတ် တန်ချိန်အားဖြင့် ၁၁၂ ဒသမ ၉၈ တန်ခန့်တင်ပို့ခဲ့ကြောင်း ၊ ရန်ကုန်မြို့မှ လွိုင်ကော် မြို့သို့ ဆန် တင်သွင်းမှုမှာ ၂၃၀၀ အိတ် ၊ မန္တလေးမြို့မှ ၁၀၂၀ အိတ် ၊ ရွှေဘိုမြို့မှ ၁၃၇၀ အိတ်တင်သွင်းခဲ့ရာ ဆန်အိတ်စုစုပေါင်း ၄၆၉၀ အိတ် တန်ချိန်အားဖြင့် ၂၃၅ ဒသမ ၄၉ တန်တင်သွင်းခဲ့ကြောင်းသိရှိရသည်။ ပြောင်း တင်ပို့မှုအနေဖြင့် ကယားပြည်နယ်မှ မန္တလေးနှင့် အခြားမြို့ကြီးများသို့ စုစုပေါင်း ပြောင်း ၆၃၈၀ အိတ် တန်ချိန်အားဖြင့်  ၃၁၂ ဒသမ ၅၃တန်၊ နှမ်းတင်ပို့မှုအနေဖြင့် ၅၉၀၀ အိတ် တန်ချိန်အားဖြင့် ၂၈၉ ဒသမ ၀၂ တန် တင် သွင်းခဲ့ပါကြောင်း ပြည်နယ်အထွက်ဂိတ်စာရင်းများအရ သိရှိရသည်။
     ကယားပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ဧည့်မထ(နွေ) စပါးတင်း ၁၀၀ လျှင်  ကျပ် ၈၉၄၆၀၀ ဈေးပေါက်ကြောင်း၊  ပြည်နယ်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်များမှာ  ပေါ်ဆန်း၊ ဧည့်မထ ၊ ငစိန်တို့ဖြစ်ပြီး ဆန်အိတ်ဈေးနှုန်းများမှာ  ပေါ်ဆန်းဆန်တစ်အိတ် လျှင် ကျပ် ၆၇၀၀၀ ၊ ဧည့်မထဆန်တစ်အိတ်လျှင် ကျပ် ၄၄၀၀၀ ၊ ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၂၇၅၀၀ ဈေးပေါက်ပြီး တစ်ပြည်ဈေးနှုန်းများမှာ ပေါ်ဆန်း ဆန်တစ်ပြည်လျှင် ကျပ် ၂၈၅၀ ၊ ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၁၈၅၀ ၊ ငစိန်ဆန် တစ်ပြည်လျှင် ကျပ် ၁၂၀၀ နှုန်းဖြစ် ဈေးပေါက်လျက်ရှိကြောင်း ကုန်သည်/ပွဲစားများထံမှသိရှိရသည်။

 

ဖြိုးဝေအောင်(လွိုင်ကော်)