Main menu

Background

အကောက်ခွန် ကင်းလွတ်ခွင့်ခံစားနိုင်သည့် FORM-Dကို အွန်လိုင်းဖြင့် ဆောင်ရွက်နိုင်တော့မည်

Thu, 10/24/2019 - 13:29 -- journal_editor

         လက်ရှိ အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု ပြုလုပ်ရာတွင် အကောက် ခွန် ကင်းလွတ်ခွင့်များအား ခံစားနိုင်ရန် အတွက် အာဆီယံပင်ရင်းနိုင်ငံ သက် သေခံလက်မှတ် (Form-D) လဲလှယ်ခြင်း ကို အီလက်ထရောနစ်နည်းဖြင့် လာမည့် နိုဝင် ဘာလတွင် စတင်ကျင့်သုံးတော့ မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာန၊ MACCS ဌာနခွဲ၏ ညွှန်ကြားရေး မှူးဖြစ်သူ ဦးဝင်းသန့်က ပြောသည်။ အောက်တိုဘာ ၁၇ ရက်က မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြု လုပ်သည့် ASEAN Single Window တွင် ဝင်ရောက် ချိတ်ဆက်၍ ATIGA e-Form Ds လဲလှယ်ခြင်းဆိုင်ရာ ကိစ္စ ရပ်များအား အများပြည်သူသို့ အသိပေး ကြေညာခြင်း   (Public Awareness) အခမ်းအနားတွင် ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။ “အခု အာဆီယံအဖွဲ့ဝင် နိုင်ငံ များအတွင်းမှာ လွတ်လပ် စွာ ကုန်သွယ် မှု ဧရိယာတွေ ထူထောင်ထားတာ ရှိ တယ်။ Asean Single Window ကို ဝင် ရောက် ချိတ်ဆက်မယ်။ အီလက်ထရော နစ်နည်းတွေနဲ့ သွားကြမယ်ဆိုပြီး ရှိပါ တယ်။ အရင်က Form-D  ကို manual နည်းလမ်းတွေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လဲလှယ်ကြတယ်။ အခုတော့ မြန်မာက ဖိလစ်ပိုင်နဲ့အတူတူ  နိုဝင်ဘာမှာ အာဆီယံရဲ့ Form-D လဲလှယ်တဲ့ လင့်ခ် ကို အတူတူဝင်ရောက်ပြီး ချိတ်ဆက် ဆောင်ရွက်ဖို့ ပြင်ဆင်ဆောင် ရွက်နေပါတယ်”ဟု ဦးဝင်းသန့်က ပြောသည်။

         အာဆီယံ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှု ပြုလုပ်ရာတွင် အကောက် ခွန်ကင်းလွတ်ခွင့်များကို ခံစားနိုင်ရန် အတွက် ပင်ရင်းနိုင်ငံ၏ ကုန်ပစ္စည်းဖြစ် ကြောင်း သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်းကို Form-D  ဟု ခေါ်ဆို ခြင်းဖြစ် ကြောင်း သိရသည်။   ယင်း Form-D  ကို Exporting Country မှ သက်ဆိုင်ရာ အာဏာပိုင်က ထုတ်ပေး လိုက်သည့်အခါ Importing Country တွင် အကောက်ခွန်ဦးစီးဌာနကို တင်ပြ ရခြင်းဖြစ်ကာ အဆိုပါ စာရွက်စာတမ်း ပေါ်မူတည်၍ တင်သွင်းလာသည့် ကုန် ပစ္စည်းများကို အကောက်ခွန်ကင်းလွတ် ခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့အနေနဲ့ နိုဝင်ဘာ လထဲမှာ စတင်လဲလှယ်နိုင်အောင် ကြိုး စားပါမယ်လို့   ကတိကဝတ်ပေးခဲ့ပါ တယ်။ အဲဒီကတိအတိုင်းပဲ အချိန်မီ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ စမ်းသပ်မှုတွေ အကုန်လုပ်ပြီးပါပြီ။ လာအိုနိုင်ငံမှအပ ကျန်တဲ့နိုင်ငံတွေ အားလုံးနဲ့ စမ်းသပ်တဲ့ အခါမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။   ကျွန်တော်တို့ဘက်က တော့ အသင့်ဖြစ်နေပါပြီ။ အာဆီယံက သတ်မှတ်တဲ့ နိုဝင်ဘာမှာ သူတို့ကစပါ ဆိုတဲ့ ရက်မှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်” ဟု ဦးဝင်းသန့်က ဆက်လက်ပြောကြား သည်။

         သို့ဖြစ်၍ အရှေ့တောင်အာရှ အာဆီယံကုန်သွယ်ဖက်    နိုင်ငံများ အကြား  Asean Single Window  ၏ ကုန်သွယ်မှု လျင်မြန်လွယ်ကူ ချောမွေ့ စေရေးဆိုင်ရာစနစ်မှတစ်ဆင့် အာဆီယံ ပင်ရင်းနိုင်ငံ  သက်သေခံ  လက်မှတ် (Form-D) ကို အီလက်ထရောနစ်နည်း ဖြင့် ချိတ်ဆက်လဲလှယ်နိုင်ရန် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ    နည်းပညာအတွက် အမေရိကန်  နိုင်ငံတကာ  ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ ငွေကြေးနှင့် နည်းပညာပိုင်းကို    ပံ့ပိုးပေးထားပြီး ပြည်တွင်းနည်းပညာကိုသုံး၍ ရေးဆွဲ ထားခြင်းဖြစ်ကြောင်း သိရသည်။ Asean Single Window စနစ် ရှိခြင်းအားဖြင့် ကုန်သွယ်ရေးဆိုင်ရာ အချက်အလက် များကို တိကျမှန်ကန်စွာ ထိန်းသိမ်း ပေးထားနိုင်မည်ဖြစ်ကာ အာဆီယံ ဒေသအတွင်း လွတ်လပ်စွာ ကုန်စည် စီးဆင်း လည်ပတ်နေမှုကို အထောက် အကူပြုမည်ဖြစ်ပြီး ကုန်စည်တင်ပို့သူ များအနေနှင့်လည်း ဒေသတွင်း ဈေး ကွက်များအထိ ချဲ့ထွင်နိုင်ရေးကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရာ၌ ပိုမို ထိရောက်စေမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်  သွင်းကုန်၊  ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် မည်သည့် အဆင့်ထိ လိုက်ပါ ဆောင်ရွက်နိုင်မည် လဲဟူသော အချက်များကို သိရှိထားရန် လိုအပ်သည့်အပြင် လိုက်လျောညီထွေ ဖြစ်အောင် ပူးပေါင်း ပံ့ပိုးမှုများကိုလည်း ပြုလုပ်ပေးရန် လိုအပ်ကြောင်း ဦးဝင်းသန့် က ပြောဆိုသည်။ ပြည်ပနိုင်ငံများဖြစ် သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊  မလေးရှား၊  စင်ကာပူ၊  ထိုင်း၊ ဗီယက်နမ်   စသည့်နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း Asean Single Window  စနစ်တွင် ပါဝင်လာသည့် အတွက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် များအနေဖြင့် Form-D ကို အဆင်ပြေ လွယ်ကူစွာ ရရှိနိုင်ပြီး ဖောင်ဖြည့်နိုင် မည်ဖြစ်၍ အချိန်နှင့် ကုန်ကျစရိတ်ကို လည်း    လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု