Main menu

Background

ထိုင်းတွင် အုန်းသီးဈေးကောင်းလာသောကြောင့် မြန်မာ့အုန်းသီးများ ပြန်လည်တင်ပို့မည်

Thu, 10/24/2019 - 13:57 -- journal_editor

          ထိုင်းနိုင်ငံတွင်    အုန်းသီးဈေး ပြန်လည်   ကောင်းလာသောကြောင့် မြန်မာ့အုန်းသီးများ  တင်ပို့မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါ ထိုင်းနိုင်ငံ၌ လက်ရှိတွင် အုန်းသီးခြောက် တစ်လုံးလျှင် ထိုင်း ဘတ်ငွေ ၂၀ ခန့် ပေါက်ဈေးရှိနေပြီး ၂၀၁၈ ခုနှစ်က ထိုင်းဘတ်ငွေ ၁၀ ဘတ် မှ ၁၅ ဘတ်အထိသာ ပေါက်ဈေးရှိခဲ့ ကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးမျိုးဝင်း က အောက်တိုဘာ ၁၈ ရက်တွင် ပြော သည်။ “ပြီးခဲ့တဲ့နှစ်မှာ ကုန်သည်တွေက မူဆယ်ဘက်ကိုပဲ တင်ပို့ကြပါတယ်။ ဒီနှစ် ဈေးပြန်ကောင်းလာလို့ ပြန်ပြီး တင်ပို့ဖြစ်တာပါ။ အုန်းသီးဈေးနှုန်းနဲ့ တင်ပို့ရမယ့် တန်ချိန်ကိုတော့ ညှိနှိုင်း နေတုန်းပါ။ နောက်လမှာ အပြီးသတ် စာချုပ်ချုပ်ဆိုမှာပါ”ဟု ၎င်းက ပြော သည်။

     ယင်းသို့    အုန်းသီးတင်ပို့ရန် စာချုပ်ကိုနိုဝင်ဘာလတွင် ချုပ်ဆိုမည် ဖြစ်ပြီး မေလအထိတင်ပို့မည်ဖြစ်ကာ ပြည်တွင်း၌ အုန်းသီးထွက်ရှိမှု နည်း ပါးသဖြင့် ပြည်ပသို့ တင်ပို့ရောင်းချရန် စာချုပ်ချုပ်ဆိုရာတွင် ကာလတို သတ် မှတ်ချက်ဖြင့်သာ ချုပ်ဆိုနိုင်မည်ဖြစ် သည်ဟု ဆိုသည်။ အုန်းသီးကို ၂၀၁၅ ခုနှစ်မှစ၍ ထိုင်းနိုင်ငံသို့ တရားဝင် တင်ပို့ရောင်း ချမှုများ ပြုလုပ်ခဲ့ပြီး အသင်းအနေဖြင့် စာရင်းအတိအကျ ကောက်ယူထားမှု မရှိသော်လည်း ပြည်တွင်းအုန်းသီးစိမ်း သောက်သုံးမှု    များပြားလာသဖြင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက အုန်းသီး စိမ်းရောင်းချရမှုမှာ နှစ်ဆခန့် တိုးမြင့် လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။ ယခုအချိန်တွင်    ပြည်တွင်း၌ အုန်းသီးအထွက်နှုန်းလျော့လာသဖြင့် မျိုးကောင်း၊ မျိုးသန့် အုန်းသီးမျိုးများ စိုက်ပျိုးနိုင်ရန်   အုန်းသီးအစုအဖွဲ့က တောင်သူများကို စည်းရုံးပညာပေးမှု များလုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။

        လက်ရှိ  ပြည်တွင်း၌  အုန်းသီး ခြောက် လက်လီပေါက်ဈေးမှာ ငွေကျပ် ၅၀ဝ မှ ၈၀ဝ အထိ ပေါက်ဈေးရှိနေသည်။ မြန်မာနိုင်ငံတွင် အုန်းသီးစိုက်ဧက ၁၃၀ဝ၀ဝ ကျော်ရှိပြီး အုန်းသီးဆွတ်ခူး နိုင်ပြီဖြစ်သည့် အုန်းသီးစိုက်ဧကမှာ တစ်သိန်းကျော်ရှိကြောင်း အသင်း၏စာရင်းများတွင် ဖော်ပြထားသည်။ စိုက်ပျိုးသည့် အုန်းသီးအမျိုးအစား၊ ပြုပြင်ထိန်းသိမ်းမှုပေါ် မူတည်၍ တစ် ဧကလျှင် အုန်းသီးအလုံးရေ ၁၀ဝ၀ ကျော်မှ ၅၀ဝ၀ ကျော်အထိထွက်ရှိပြီးအုန်းသီးထွက်ရှိမှု အများဆုံးဒေသမှာဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး အုန်း သီးထွက်ရှိမှု   အနည်းဆုံးဒေသမှာ ကယားပြည်နယ်ဖြစ်ကြောင်း သိရသည်။

 

 

မြသဲ