Main menu

Background

အီဂျစ်မှ ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်နီတန် ၆၀ဝ၀ဝ တင်သွင်း

Thu, 11/28/2019 - 15:39 -- journal_editor

     ဘင်္ဂလားဒေ့ရှ်၌ ကြက်သွန်နီဈေးအဆမတန် မြင့် တက်သွားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြက်သွန်နီ ဈေးကွက် လိုငွေပြမှုကို ဖုံးလွှမ်းရန် အီဂျစ်နိုင်ငံမှ ကြက်သွန်နီ တန်  ၆၀ဝ၀ဝ  တင်သွင်းနေသည်ဟု ကူးသန်းရောင် းဝယ်ရေး ဝန်ကြီး  Tipu Munshi  က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးကော်ပိုရေးရှင်း (TCB ) ၏ အဆိုအရ  ဒါကာဈေးကွက်၌   ကြက်သွန်နီဈေးနှုန်းများမှာ စံချိန်တင်ရလောက်အောင် ခုန်တက်သွားသောကြောင့် လေ ကြောင်းလိုင်းကတစ်ဆင့် အရေးပေါ်  တင်သွင်းနေရသည်။ မုတ်သုံမိုးကြောင့်  သီးနှံအထွက်နည်းခဲ့ရာက အိမ်နီးချင်း အိန္ဒိယနိုင်ငံထွက် ကြက်သွန်များ ဘင်္ဂလားဒေ့ရှ်ထဲ တင်သွင်းမှုကို စက်တင်ဘာလက  စတင်တားမြစ်ခဲ့ခြင်းကြောင့် ဈေးများခုန်တက်သွားခြင်းဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးကော်ပိုရေးရှင်း  (TCB )  ၏ အဆိုအရ ဒါကာဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းမြင့်တက်မှု နှုန်းမှာ လွန်ခဲ့သောနှစ်များအတွင်း   အမြင့်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။  ယခုအခါ မြန်မာ့ကြက်သွန်ဝယ်ယူမှုကိုပါ ဘင်္ဂလားဒေ့ရှ်က  ရပ်ဆိုင်းထားကြောင်း သိရသည်။ မြန်မာ့ ကြက်သွန်ကို ဘင်္ဂလားဒေ့ရှ်က အောက်တိုဘာလက စတင် ဝယ်ယူနေခြင်းကြောင့် ဈေးများအဆမတန် မြင့်ခဲ့သည်။ တရုတ်နိုင်ငံက မြန်မာကြက်သွန်နီကို ယခင်က ဝယ်ယူ ခဲ့သော်လည်း အောက်တိုဘာလကစ၍ ဝယ်ယူမှုကို ရပ်တန့်ခဲ့ သည်။ မြန်မာနိုင်ငံမှ ကြက်သွန်ကို တရုတ်နိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်ကို  အဓိကတင်ပို့နေပြီး ရံဖန်ရံခါ ထိုင်းနိုင်ငံကို တင်ပို့ခဲ့ ကြောင်းလည်း သိရသည်။

 

ခင်မြနွယ်(TIR)