Main menu

Background

ဒုတိယဝန်ကြီး ဦးအောင်ထူး မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ဥပဒေ အကောင်အထည်ဖော်ရေး ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Thu, 12/05/2019 - 11:04 -- journal_editor

       “မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ”အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်  မင်္ဂလာခန်းမ၌  ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအောင်ထူး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မူပိုင်ခွင့်ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် လုပ်ငန်းရှင်များအား Awareness ရရှိစေရန်နှင့် ကုန်အမှတ်တံဆိပ် နည်းဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်နိုင်စေရန် ကျင်းပရခြင်းဖြစ် ကြောင်း၊ ယခုမျက်မှောက်ကာလတွင် နည်းပညာယှဉ်ပြိုင်မှုများ မြင့်မားပြီး ကမ္ဘာ့ ဈေးကွက် ကြီးမားကျယ်ပြန့်လာသဖြင့် စီးပွားရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်း ပညာဆိုင်ရာနယ်ပယ်များတွင် မူပိုင်ခွင့် အကာအကွယ်ပေးမှုများ ပိုမိုကျယ်ပြန့်စွာ လိုအပ်လာပါကြောင်း၊ မူပိုင်ခွင့်စနစ်သည် နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အား များစွာအထောက်အကူပြုကြောင်း၊ မူပိုင်ခွင့်စနစ်သည် ဖန်တီးသူနှင့် သုံးစွဲ သူတို့အကြား အကျိုးစီးပွား ဟန်ချက်ညီစေနိုင်သည့်အပြင် ဆန်းသစ်တီထွင်မှုများ ဖွံ့ဖြိုးတိုးတက်ရန် အားပေးနိုင်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေများကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးသည့် အမိန့်ကြော်ငြာစာထုတ်ပြန်သောနေ့တွင် အာဏာ သက်ရောက်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေ(၄)ရပ်ကို အကောင်အထည်ဖော် ရာတွင် လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် ဈေးကွက်တောင်းဆိုမှု တို့အရ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို စတင်အကောင်အထည်ဖော် ဆောင် ရွက်ရန် လျာထားပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ  စတင်အကောင်အထည် ဖော်ပြီး ခြောက်လအကြာတွင် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို လည်းကောင်း၊ တစ်နှစ်အကြာတွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို လည်းကောင်း   အကောင်အထည်ဖော်ဆောင်ရွက်ရန်    လျာထားပါကြောင်း၊ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင်  Trade Related Intellectual Property Agreement ထားရှိ၍ လည်းကောင်း၊ World Intellectual Property Organization အဖွဲ့က စည်းမျဉ်းများချမှတ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ မူပိုင်ခွင့်ရုံး တရားဝင်  စတင်ဖွင့်လှစ်ခြင်းကို ၂၀၂၀ ခုနှစ်၊ နှစ်လယ်ပိုင်း ခန့်တွင် ဆောင်ရွက်သွားနိုင်ရန် လျာထားပြီး မူပိုင်ခွင့်ရုံးတရားဝင်ဖွင့်လှစ်ပြီးမှသာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားချက်များ အားလုံးကို လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

        ဆက်လက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ အသိÓဏ်ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားများ  ပြောကြား ခဲ့သည်။ မွန်းလွဲပိုင်းတွင် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ အခမ်းအနား တက်ရောက် လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြရာ Moderator အဖြစ် ပြည် ထောင်စုတရားလွှတ်တော်ချုပ်၊ မူပိုင်ခွင့်ဌာန၊ မြန်မာနိုင်ငံ အသိÓဏ်ပစ္စည်းမူပိုင် ခွင့်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ မြန်မာနိုင်ငံ အသိÓဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော် ဝင်း၊ အစိုးရဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်ညီနောင် အသင်းများမှ  ကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ  ၂၈၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

 

MOC (IR)