Main menu

Background

အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီက လာအိုနိုင်ငံအတွက် လိုအပ်သော မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်ရေး ဆွေးနွေး

Thu, 12/05/2019 - 11:56 -- journal_editor

       အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဦးဆောင်၍ လာအိုနိုင်ငံမှ  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသည် လာအို နိုင်ငံအတွက် လိုအပ်သော  မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း များ တင်ပို့နိုင်ရေးအတွက် နိုဝင်ဘာ ၁၄ ရက်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့နှင့် လည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သောအဖွဲ့နှင့်လည်းကောင်း  လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

       အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီသည်  လာအို နိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်နေသည့်အပြင်  တရုတ်နိုင်ငံနှင့် လည်း ကုန်သွယ်မှုဆောင်ရွက်ရန် လာအိုနိုင်ငံရှိ ကုမ္ပဏီများ နှင့်ပူးပေါင်းကြိုးပမ်းနေသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်ပါ ကြောင်း၊ ၎င်း ၏မိတ်ဆွေ လာအိုကုမ္ပဏီသည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်ပစ္စည်းများကိုဝယ်ယူ၍ တရုတ်နိုင်ငံ သို့ ပြန်လည်တင်ပို့နေကြောင်း၊ လာအိုနိုင်ငံအစိုးရမှအဆိုပါ ကုမ္ပဏီကို တရုတ်နိုင်ငံသို့ ရိုးရိုးဆန် တန်ချိန် ၂၀ဝ၀ဝ ၊ ကောက်ညှင်းဆန် တန်ချိန် ၁၀ဝ၀ဝ နှင့် ပြောင်းတန်ချိန် ၅၈၀ဝ၀ တင်ပို့ခွင့် ခွင့်ပြုပေးထားကြောင်း၊ ယခုအခါတွင် အဆိုပါ အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီသည် မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်နှင့်ပြောင်းများ ကို မြန်မာနိုင်ငံမှလာအိုနိုင်ငံသို့  တင်ပို့ပြီး တရုတ်နိုင်ငံသို့ ထပ်ဆင့် ပြန်လည်တင်ပို့လိုကြောင်း၊ သို့သော် တရုတ် နိုင်ငံမှ Quota သတ်မှတ်မှုသည် ၃၁-၁၂-၂၀၁၉ ရက်တွင် ယခုနှစ်အတွက်  သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ယခုနှစ်အတွက် မြန်မာနိုင်ငံမှ ထွက်ရှိသည့်  ဆန်၊ ကောက်ညှင်းဆန်နှင့် ပြောင်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အချိန် နည်းပါးနေသောကြောင့် ဝယ်ယူ၍ရသမျှကိုသာ တရုတ်နိုင်ငံ သို့  တိုက်ရိုက်တင်ပို့သွားမည်ဖြစ်ကြောင်း၊   မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခွင့်ရရှိမည်ဆိုလျှင် စမ်းသပ် တင်ပို့သည့် သဘောမျိုးဆောင်ရွက်လိုကြောင်း၊  အကယ်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စမ်းသပ်တင်ပို့မှုအဆင်ပြေလျှင် ပိုမိုတိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း အဆိုပါကုမ္ပဏီသည် လာအိုနယ်စပ်နှင့်ထိစပ်သော ရှမ်းပြည် နယ်ဒေသများတွင် ဆန်နှင့်ပြောင်း စသည့်သီးနှံများကိုလည်း စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လိုကြောင်းနှင့် မြန်မာစိုက်ပျိုးရေးတောင်သူများအတွက်လည်း  နည်းပညာ ဆိုင်ရာ ကူညီထောက်ပံ့မှုများကိုပေးလိုကြောင်း၊  မြန်မာ- လာအိုချစ်ကြည်ရေးတံတားမှဖြတ်သန်းပြီး တရားဝင် ကုန် သွယ်မှု ခွင့်ပြုမည့်အချိန်တွင်လည်း  မြန်မာ-လာအို  နှစ်နိုင်ငံ ကုန်သွယ်မှုသာမက လာအိုနိုင်ငံမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ Transit Trade ဖြင့် ကုန်သွယ်နိုင်ရန်အတွက်ကိုလည်း  ရည်ရွယ်ထားကြောင်းတို့ကိုလည်း ရှင်း လင်းဆွေးနွေးခဲ့သည်။

 

ပိုးအိကျော် (နှစ်နိုင်ငံ)