Main menu

Background

ကုန်သွယ်ခွင့်ပါမစ်မှတ်ပုံတင်များ၏ ကုတ်နံပါတ်များအစား TIN NO (9 DIGITS) အားဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပြင်ဆင်ခြင်းလျှောက်ထားကြရန် အသိပေးထုတ်ပြ

Thu, 01/02/2020 - 11:22 -- journal_editor

     ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များ လျှောက်ထားနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းမရှိသည့်  သမဝါယမအသင်းလီမိတက်များအား ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊  တစ်ဦးချင်း  ကုန် သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်(ITC)၊ တစ်ဦးချင်း ကုန်သွယ်ခွင့်ပါမစ် မှတ်ပုံတင်များအား Code နံပါတ်များဖြင့် မှတ်ပုံတင်များခွင့်ပြု ထုတ်ပေးလျက်ရှိပါသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်  ထုတ်ပေးသည့်စနစ်အား Myanmar Tradenet 2.0 စနစ်အဖြစ် အဆင့်မြှင့်တင်အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုဆက်စပ်ဌာနများ ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့စသည့်ဌာနများအတွင်း အခြေခံအချက်အလက်များ အား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ  ၅ရက် နေ့မှစတင်၍ တူညီစွာအသုံးပြုနိုင်ရေး Single Entry ဖြစ်စေရေး၊ Single Registration Number အသုံးပြုနိုင်ရေးတို့အတွက် အတည်ပြုညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ် ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင်  မှတ်ပုံတင်ထားခြင်းမရှိသည့် သမဝါယမအသင်းလီမိတက်များအား  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် အစိုးရဌာနများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်(ITC)၊ တစ်ဦးချင်းကုန် သွယ်ခွင့် ပါမစ်မှတ်ပုံတင်များ၏ Code နံပါတ် အစား TIN NO  (9 DIGITS) ဖြင့် ပြင်ဆင်ပြောင်းလဲမှုများ ဆောင် ရွက်မည်ဖြစ်ရာ ပြင်ဆင်ဆောင်ရွက်ခြင်းမရှိပါ က ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ကျော်လွန်လျှင်  ပို့ကုန် သွင်းကုန်နှင့် ဆက်စပ်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းရှိ မည်မဟုတ်ပါ။ ထို့ကြောင့် သမဝါယမအသင်းလီမိတက်များသည်  ပို့ကုန်သွင်းကုန်မှတ်ပုံတင် နံပါတ်အစား  TIN NO  (9 DIGITS) ဖြင့်လည်းကောင်း၊ အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် (ITC)နှင့် တစ်ဦးချင်းကုန်သွယ်ခွင့်ပါမစ်မှတ်ပုံတင်များ၏ Code နံပါတ်များအစား  TIN NO  (9 DIGITS) ဖြင့်လည်းကောင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ပြင်ဆင် လျှောက်ထား ကြရန် ဖြစ်ပါသည်။

     သို့ဖြစ်ပါ၍ သတ်မှတ်ကာလဖြစ်သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ TIN NO  (9 DIGITS) သို့ ပြင်ဆင်ခြင်းမရှိသည့် သမဝါယမအသင်းလီမိတက်များ၏ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံလက်မှတ်နှင့် အစိုးရဌာနများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများ၊ တစ်ဦးချင်း  ကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်(ITC)၊ တစ်ဦးချင်း ကုန်သွယ်ခွင့်ပါမစ်မှတ်ပုံတင်များ၏ ခွင့်ပြုထားသည့် Code နံပါတ်များအား ပယ်ဖျက်သွား မည်ဖြစ်ပြီး အဆိုပါသမဝါယအသင်းလီမိတက်များသည် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လိုပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ်ကိုလည်းကောင်း၊ ကျန်အဖွဲ့အစည်းများသည် Code နံပါတ်များ အစား  TIN NO  (9 DIGITS) ဖြင့်လည်းကောင်း မှတ်ပုံတင်အသစ်များ   ပြန်လည် လျှောက်ထားရမည် ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန