Main menu

Background

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတန်ချိန် ခုနစ်သောင်းကျော်တင်ပို့

Thu, 01/02/2020 - 11:35 -- journal_editor

   ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း  မြန်မာ-တရုတ် နယ်စပ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ  ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန်ကိုးထောင်ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၅၅၀ဝ ကျော်၊  ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ တန်ချိန် ၄၀ဝ နီးပါး၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  တန်ချိန် ၁၃၀ဝ ကျော်နှင့်   မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၂၀ဝ၀ တင်ပို့ခဲ့ပါ သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက  တန်ချိန် ၈၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်းသိရသည်။

      ယခုတစ်ပတ် ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၂၈ သန်း  တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၀ဝ ကျော်တင်ပို့ခဲ့သည်။   လွယ်ဂျယ်ကုန်သွယ်ရေးခစန်းမှ တန်ချိန် ၇၀ ကျော်နှင့်   ကန်ပိုက်တီကုန်သွယ်ရေး စခန်းမှ တန်ချိန် ၅၀ တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့ မှုနှင့်နှိုင်းယှဉ်ပါက  တန်ချိန် ၉၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ဒီဇင်ဘာ ၁၅ ရက် မှ ၂၁ ရက် ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် လေးသောင်းကျော် တင်ပို့ ခဲ့ကြောင်း သိရသည်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ အာရှ နိုင်ငံများသို့ တန်ချိန် ၁၆၀ဝ၀ နီးပါး၊ အီးယူနိုင်ငံများသို့ တန်ချိန် ၅၇၀ဝ နီးပါးနှင့်  အာဖရိကနိုင်ငံများသို့  တန်ချိန် ၂၀ဝ၀ဝ ကျော် တင်ပို့ခဲ့သည်ဟုသိရသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက   တန်ချိန် တစ်သောင်းကျော် ပိုမိုခဲ့ သည်။

     ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက် ကာလအတွင်း ပင်လယ် ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅  သန်း ကျော် တန်ဖိုးရှိ ဆန်ကွဲတန်ချိန် နှစ်သောင်းကျော်   တင်ပို့ခဲ့ကြောင်း သိရသည်။ အာရှနိုင်ငံများသို့  တန်ချိန် ၁၀ဝ ကျော်၊ အီးယူ နိုင်ငံများသို့ တန်ချိန် ၁၂၀ဝ၀ ကျော်၊ အာဖရိကနိုင်ငံများသို့ တန်ချိန် ၈၅၀ဝ နီးပါး တင်ပို့နိုင်ခဲ့သည်။ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက   ဆန်ကွဲတန်ချိန် ၁၅၀ဝ၀ ကျော် လျော့နည်း တင်ပို့ခဲ့သည်။ ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ခုနစ်သောင်းကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် တန်ချိန် လေးထောင်နီးပါး လျော့နည်းခဲ့ကြောင်း သိရသည်။

 

အေးအေးသန့်