Main menu

Background

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု၏ ရွှေရောင်အိပ်မက်များ

Thu, 02/13/2020 - 16:15 -- journal_editor

     နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက မောင်းနှင်အားများထဲတွင်  တစ်ခုဖြစ်သည့် ကုန် သွယ်မှုကဏ္ဍကို    ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  တစ်ခု တည်းသာမက  စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သော ဌာနများ၊ အသင်းအဖွဲ့များအားလုံး ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်  ကုန်သွယ်မှုဆောင်ရွက်ရာမှာ ကုန်သွယ်ဖက်နိုင်ငံများစွာရှိသည့်အနက်  တရုတ်နိုင်ငံသည် အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ပင်လယ်ရေကြောင်း သာမက  နယ်စပ်ကုန်သွယ်မှုကိုပါ အများဆုံးဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ လွန်ခဲ့သော ၁၀ နှစ်တာကာလကစပြီး လေ့လာကြည့်မည်ဆို လျှင် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်ထိ  ကုန်သွယ်မှုတိုးတက်ခဲ့သည် ကို တွေ့ရသည်။ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာတော့ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည်   အနည်းငယ်ကျဆင်း ခဲ့သည်။  အဓိကအကြောင်းရင်းမှာ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ နိုင်ငံပိုင်အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှုအစီအစဉ်အရ AQSIQ ဌာနအား “General Administration of Customs of China-GACC” ဟု ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း  တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်မှု ဆိုင်ရာမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ ရှိရသည်။တရုတ်နိုင်ငံဘက်ကပြင်ဆင်ဖွဲ့စည်းခဲ့သည့် ွဗဃဃ သည် နယ်စပ်ဒေသများနှင့် ကုန်သွယ်မှုဆောင်ရွက်ချက်များ၌ တရားမဝင် ဆောင်ရွက်နေမှုများရှိနေသည့်အပေါ် တင်းကြပ် သည့်   စည်းမျဉ်းစည်းကမ်းများနှင့် ချုပ်ကိုင်ဆောင်ရွက်လာခဲ့သည်။

      ယခုကဲ့သို့ ဆောင်ရွက်လာခဲ့သည့်အတွက် မြန်မာဘက် က တရားဝင်တင်ပို့ခြင်းဖြစ်သော်လည်း  တရုတ်နိုင်ငံဘက်သို့ တရားမဝင်တင်သွင်းခြင်းဖြစ်နေရသည့် ကုန်စည်များ၏လမ်း ကြောင်းသည် ပြတ်တောက်သွားရသောအခြေ အနေဖြစ်ပေါ် ခဲ့ရသည်။  တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များအတွက် တွေ့ကြုံနေရသည့် အခြေအနေများကို  အမြန်ဆုံးဖြေရှင်း ဆောင်ရွက်နိုင်ရန်  မိမိတို့ဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံ ဘက်မှ GACC နဲ့ အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆောင်ရွက်မှု များကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ယခုကဲ့သို့ဆောင်ရွက်ရာ၌ ဆန်အပြင်  ဆန်ကွဲပါတင်ပို့ ခွင့်ရရှိရေး၊ ပြောင်းအား   တရားဝင်တင်ပို့ခွင့်ရရှိရေး၊ ငါးတန်၊ ခရုအပါအဝင် ရေထွက်ပစ္စည်းများ တင်ပို့ခွင့်ရရှိရေး၊ တရုတ် နိုင်ငံမှ  မြန်မာနိုင်ငံသို့   တရားဝင်တင်ပို့ခွင့်ပြုထားသည့် သစ်သီးရှစ်မျိုးအား နယ်စပ်ကုန် သွယ်ရေးစခန်းများအားလုံးမှ တင်ပို့ခွင့်ရရှိရေး၊ အဆိုပါ သစ်သီးရှစ်မျိုးအနက် မူဆယ်နှင့်တာလော့ဂိတ်နှစ်ဂိတ်မှသာ တင်ပို့ခွင့်ရခဲ့သည့် သရက်သီး၊ ဖရဲသီး၊သခွားမွှေး၊ကုလားဆီးသီး စသည့် သစ်သီးလေးမျိုးအား တရုတ်နယ်စပ်ဂိတ်အားလုံးမှတင်ပို့ခွင့်ရရှိရေး ကျွဲ၊ နွားများ တရား ဝင်တင်ပို့ခွင့်ရရှိရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်းပြီး  တရုတ် နိုင်ငံ၊ GACC နှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ယင်းသို့ ချိတ်ဆက်ဆောင်ရွက်ခဲ့သည့်အတွက် သစ်သီး လေးမျိုးဖြစ်သော   သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလား ဆီးသီးတို့ကို မူဆယ်၊ တာလော့ဂိတ်များမှသာ တင်သွင်းခွင့်ပြု ထားသည့် သတ်မှတ်ချက်ကို   တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ပယ်ဖျက်ပေးခဲ့ပြီးဖြစ်သည်။

    ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံသမ္မတ  မစ္စတာရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးလာရောက်ချိန်အတွင်း မြန်မာနိုင်ငံမှဆန်၊ဆန်ကွဲများ တရုတ် နိုင်ငံသို့တရားဝင်တင်ပို့နိုင်ရေးအတွက် အပင်ပိုးမွှားကင်းစင် ရေးဆိုင်ရာ အခြေပြစာချုပ်ကိုလည်းကောင်း၊   ကျွဲ၊ နွားများ တရားဝင်တင်ပို့နိုင်ရေးအတွက်  ရောဂါကင်းရှင်းရေးဆိုင်ရာ အခြေပြစာချုပ်ကိုလည်းကောင်း၊  ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေးအတွက် နှစ်နိုင်ငံအကြား ချောမွေ့သော ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် နားလည်မှု စာချွန်လွှာကိုလည်းကောင်း၊ နယ်စပ်နေပြည်သူများ၏အကျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရန် အလို့ငှာ ၂၀၁၇ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ နား လည်မှုစာချွန်လွှာအရ ရွှေလီ-မူဆယ်နယ်စပ်စီးပွားရေးဇုန် အား တည်ထောင်အကောင်အထည်ဖော်ရေးအတွက်မူဘောင် သဘောတူ စာချုပ်ဆွေးနွေးမှုလုပ်ငန်းစဉ်များ   လျင်မြန်စွာ တိုးတက်ရေးအတွက် နားလည်မှုစာချွန်လွှာကိုလည်းကောင်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဖော်ပြပါစာချုပ်များ အပါအဝင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား  ကဏ္ဍအသီးသီးမှာ ပူးပေါင်း ဆောင်ရွက်နိုင်စေဖို့ စာချုပ်ပေါင်း ၃၃ ခုကိုလည်း လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ မကြာမီကာလအတွင်း ပြောင်းနှင့်တစ်သျှူးငှက်ပျောတို့ ကိုလည်း တရားဝင်တင်ပို့ခွင့်ရရှိရေး ပိုးမွှားကင်းစင်ရေးဆိုင် ရာ အခြေပြစာချုပ်များ၊  ရေထွက်ပစ္စည်းများတင်ပို့နိုင်ရေး အတွက် သဘောတူစာချုပ်များအား နှစ်နိုင်ငံအကြားလက်မှတ် ရေးထိုးနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံမှစိုက်ပျိုးထွက်ရှိသည့် လယ်ယာ ထွက် ကုန်များ၊သစ်သီးဝလံများအား တရုတ်နိုင်ငံသို့တရားဝင် တင်ပို့ခွင့်ရရှိရေးသက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး တရုတ်နိုင်ငံဘက်နှင့်စဉ်ဆက်မပြတ်  ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း   ရေးသားတင်ပြလိုက်ရပါ သည်။

 

သန်းသန်းနိုင်(နှစ်နိုင်ငံ)