Main menu

Background

ပြည်တွင်းထွက် ကြက်သွန်နီ ပြည်ပမှ ဝယ်လိုအားများနေ

Fri, 02/14/2020 - 11:40 -- journal_editor

     ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်နီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လို အားများနေသည့်အတွက် ကြက်သွန်နီဈေးများ မြင့်တက်လျက်ရှိကြောင်း သိရ သည်။ ယင်းကဲ့သို့ ဝယ်လိုအားများနေသည့်အတွက် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းအပြောင်း အလဲ ဖြစ်ပေါ်နိုင်သော်လည်း ယင်းအပြောင်းအလဲမှာ အိန္ဒိယ နိုင်ငံမှထုတ်ပြန်မည့် ကြက်သွန် နီနှင့် ပတ်သက်သော ကြေညာချက်ပေါ်မူတည် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

     "အခုလက်ရှိကတော့ ပြည်တွင်း ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်က တိုက် ရိုက်ဝယ်တာဖြစ်လို့ ဈေးပြန်တက်နေတယ်။ တရုတ်နိုင်ငံကတော့ အဝယ် နည်းနည်းရပ်နေတယ်။ ဈေးနှုန်းတက်မယ်မတက်ဘူးကတော့ အိန္ဒိယနိုင်ငံက ကြေညာမယ့်Export ခွင့်ပြုမယ်၊ မပြုဘူးဆိုတဲ့အပေါ် မူတည်ပါတယ်" ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

     လက်ရှိတွင် ပြည်တွင်းမှထွက်ရှိသည့် ကြက်သွန်နီတစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၇၀ဝ ခန့်ရှိပြီး အိန္ဒိယနိုင်ငံမှ ထွက်ရှိသည့် ကြက်သွန်နီတစ်တန် လျှင် အမေရိကန်ဒေါ်လာ ၃၅၀ သာရှိကြောင်း၊ ယင်းအတွက်ကြောင့် အိန္ဒိယနိုင်ငံ မှ export တင်ပို့ခွင့်ရှိပါက ဈေးကွက်အပြောင်းအလဲ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ကြက်သွန် နီတင်ပို့ခွင့်နှင့်ပတ်သက်၍ ကြေညာ ချက်ထုတ်ပြန်ခြင်းကို ယခုလ ဒုတိယပတ်တွင် ထုတ်ပြန်မည်ဖြစ်ပြီး တင်ပို့ခွင့် ပြုပါက လတ်တလောပြည်တွင်းမှ ဝယ်ယူနေသည့် ဘင်္ဂလားဒေ့ရှ်နိုttင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ ကြက်သွန်နီများကို ပြောင်းလဲဝယ်ယူနိုင်ကြောင်း၊ ယင်းကဲ့သို့ ပြောင်းလဲဝယ်ယူပါက ပြည်တွင်း ကြက်သွန်နီဈေးများ ပြန်လည်ကျဆင်းနိုင် ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောသည်။

 

ချောစု