Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပ ဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင် စွမ်းကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်အတွက်လည်းကောင်း၊ ထုတ်လုပ်သူများ

Fri, 02/21/2020 - 12:58 -- journal_editor

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပ ဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင် စွမ်းကို မြှင့်တင်ရန်အတွက်လည်းကောင်း၊   ပြည်ပဈေးကွက် ပိုမိုရရှိရန်အတွက်လည်းကောင်း၊  ထုတ်လုပ်သူများ၏ ရောင်း ဈေးပိုမိုရရှိရန်အတွက်လည်းကောင်း  ရည်ရွယ်၍  နိုင်ငံခြား ကုမ္ပဏီများနှင့်နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်ပစ္စည်း အုပ်စုခုနစ်မျိုးကို   လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များဖြင့် ထုတ်လုပ်သူများထံမှတစ်ဆင့် ဝယ်ယူ၍ ပြည်ပသို့တင်ပို့ခွင့် ပြုကြောင်းကို အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၉ ဖြင့် အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ပြည်ပသို့တင်ပို့ခွင့်ပြုခဲ့သည့်  ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးတွင် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသော ကောက် ပဲသီးနှံများ ပါဝင်ပြီး   အဆိုပါကုန်စည်များကို ပြည်ပသို့တင်ပို့ မည့် နိုင်ငံခြားကုမ္ပဏီများနှင့်နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ အနေဖြင့် ရှင်းလင်းစွာသိရှိဆောင်ရွက်နိုင်ရန်အတွက် ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းတို့အတွက်တစ်ဆင့်မြင့်   ပြုပြင်ထုတ်လုပ်နိုင် သော ထုတ်ကုန်အခြေအနေများကို ပူးတွဲပါအတိုင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန