Main menu

Background

ပြည်ပမှ လုပ်ငန်းသုံးယာဉ်အုပ်စုနှင့်ယန္တရားအုပ်စုဝင်မော်တော်ယာဉ်များ တင်သွင်းခြင်းအတွက် လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ

Wed, 02/26/2020 - 11:53 -- journal_editor

              ပြည်ပမှ လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင်မော်တော်ယာဉ်များအား တင်သွင်းခွင့် လိုင်စင်လျှောက်ထားမှုများတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအနေဖြင့် HS Code 8701 မှ 8705 အထိ အကျုံးဝင်သော လုပ်ငန်းသုံးယာဉ်များ တင်သွင်းရာတွင် အတိုင်းအတာ သတ်မှတ်ချက်မှာ Right Vehicle အတွက် OAL (အလျား)-12200 MM, OAW (အနံ)–2500 MM နှင့် OAH (အမြင့်) သာမန်ယာဉ်အတွက်–3.66 M, Container Carrier အတွက် 4.2 M အား သတ်မှတ်ထားကြောင်း၊ Articulated Vehicle (ခေါင်းတွဲ+ ချိတ်ဆွဲထားသည့် နောက်တွဲများ) ၏ စုစုပေါင်း အလျား OAL မှာ 16000 MM နှင့် GVW (Gross + Vehicle Weight) အား 48000 Kg သတ်မှတ်ထားပြီး၊ စုစုပေါင်း GVW မှာ 48000 Kg ထက်ကျော်လွန်ပါက လမ်းနှင့်တံတား ခံနိုင်ဝန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်တောင်းခံရန်ဖြစ်ကြောင်း။

              လူစီးယာဉ်များနှင့်လုပ်ငန်းသုံးယာဉ်များ လျှောက်ထားရာတွင် တင်အား၊ ယောက်စီးပေါ်မူ တည်၍ Micro Bus နှင့် Mini Bus ကွဲပြားသွားပြီး ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခနှင့် အခြားသော အခွန်အခများ များစွာကွာခြားသွားနိုင်သဖြင့် လိုင်စင်/ပါမစ်လျှောက်ထားစဉ်က ကြိုတင်၍ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံရန်လိုအပ်တယ်လို့ သိရှိရပါတယ်။ ယာဉ်၏ ဖွဲ့စည်းတည်ဆောက်မှုအပေါ်မူတည်၍ ရိုးရိုးလူစီး၊ Micro Bus ၊ Station Wagon ၊ Delivery Van စသည်ဖြင့် ပုံစံအမျိုးအစားကွဲလွဲနိုင်သဖြင့် လိုင်စင်၊ ပါမစ်လျှောက်ထားစဉ်ကတည်းက မူလ ထုတ်လုပ်သူ၏ Chassis Code, Model Code များအရ သတ်မှတ်မူလအမျိုးအစား (Original Ambulance, Original နိဗ္ဗာန်ယာဉ်, Original မီးသတ်ယာဉ်, Original Bowser) ကို သတ်မှတ်ဖော်ပြရန်ဖြစ်ကြောင်း။

              Bus အုပ်စုဝင်ယာဉ်များ တင်သွင်းခွင့်လိုင်စင်လျှောက်ထားမှုတွင် မူလထုတ်လုပ်သူ၏   Catalouge, User’s Manual ဖော်ပြချက်အတိုင်း တင်အား၊ ယောက်စီးများကို ဖော်ပြလျှောက်ထားရန် လိုအပ်ကြောင်း၊ နောက်တွဲယာဉ် (Semi Trailer) များ တင်သွင်းခွင့်လိုင်စင် လျှောက်ထားမှုတွင်လည်း မူလထုတ်လုပ်သူ၏ Catalouge, User’s Manual နှင့် Certificate  ဖော်ပြချက်အတိုင်း ဝင်ရိုးအရေအတွက်၊ အတိုင်းအတာများ ဖော်ပြလျှောက်ထားရန်လိုအပ်ကြောင်း Dangerous Goods သယ်ဆောင်ယာဉ် များ တင်သွင်းခွင့်လိုင်စင် လျှောက်ထားမှုတွင် အန္တရာယ်ကင်းစွာ သွားလာနိုင်မှု ရှိ/မရှိ Road Safety အတွက် မူလထုတ်လုပ်သူ၏ Inspection Certificate တင်ပြရမည်ဖြစ်ပြီး ၊ Catalouge, User’s Manual နှင့် Certificate တွင် ဖော်ပြချက်အတိုင်း ဝင်ရိုးအရေအတွက်၊ အတိုင်းအတာများ ဖော်ပြ၍ လျှောက်ထား ရန်လိုအပ်ကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက် များအား လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင်မော်တော်ယာဉ် တင်သွင်းသူများ သိရှိမှတ်သား နိုင်စေရေးအတွက် ရည်ရွယ်၍ ရေးသားဖော်ပြလိုက်ရပါတယ်။

 

                                                                                                                                                   ကုန်သွယ်ရေးဦးစီးဌာန ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ