Main menu

Background

ဖရဲ၊ သခွား ဈေးနှုန်း ၃၀ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာ

Mon, 03/16/2020 - 12:06 -- journal_editor

        တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖရဲ၊ သခွားရောင်းဝယ်မှုများ ပြန်လည် ကောင်းမွန်စပြုလာပြီဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့် အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည် ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က မတ် ၆ ရက်တွင် ပြောသည်။ လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွား နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ရောဂါကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်လုနီးပါးဖြစ်နေသည် မှာ ရက်ပေါင်း ၂၀ ကျော်ထိ ရှိလာပြီ ဖြစ်သည်။

     ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ် နိုင်ဖို့ကြိုးစားရင်း၊ ပြန်လည်မောင်းနှင် နိုင်ဖို့အတွက် တရုတ်အစိုးရက အပြင်း အထန် ကြိုးစားနေတယ်လို့ သိရပါ တယ်။ ဈေးကွက် ပြန်လည်ဖြစ်တည်မှု အခြေအနေက ပြောရခက်ပေမယ့် လာမယ့် မကြာခင် ဈေးကွက်အခြေအနေ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်" ဟု ဦးစိုင်းခင်မောင်က သုံးသပ်သည်။ အဆိုပါ တရုတ်နိုင်ငံဘက်သို့ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်း ကြောင်းများမှာ ရက်ပိုင်းအတွင်း ပြန် လည် ဖွင့်လှစ်တော့မည်ဖြစ်သော်လည်း ရောဂါဇုန် ခုနစ်ပြည်နယ်၏ ဈေးကွက် မှာ ပျောက်ဆုံးနေဦးမည် ဖြစ်သည်ဟု ဆိုသည်။

     ဈေးကွက်အတွင်း လက်ရှိ၌ 855 ဖရဲ အစီးပြတ် (16 T) ကုန်ကားတစ်စီး လျှင် တရုတ်ယွမ်ငွေ  ၈၀ဝ၀ မှ ၁၅၀ဝ၀ ခန့်၊ ထိုင်ဝမ် AAA-AA ကားအစီးပြတ် ဈေးအနေဖြင့် ကုန်ကားတစ်စီးလျှင် တရုတ်ယွမ်ငွေ ၂၀ဝ၀ဝ မှ ၃၂၀ဝ၀ ခန့်၊ ရွှေသခွား တစ်ကီလိုလျှင် တရုတ်ယွမ် ငွေ ၂ ဒသမ ၅ ယွမ်မှ ၄ ဒသမ ၃ ယွမ် ခန့် ဈေးရရှိနေပြီး ဝူခုံးဖရဲ တစ်ကီလိုကို ၂ ဒသမ ၅ ယွမ်မှ ၄ ဒသမ ၃  ယွမ်ခန့် ဈေးရရှိနေပြီး ယနေ့တွင် တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာငွေ ၂၀၂ ကျပ်ခန့် ဈေးပေါက်နေကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၇ ရက် ပြီးခဲ့သည့် အပတ်က မူဆယ် ၁၀၅ မိုင် ဈေးကွက် တွင် ၈၅၅ ဖရဲဈေးကွက်မှာ ပျောက် နေခဲ့ပြီး ထိုင်ဝမ် AAA ကားအစီးပြတ် ဈေးအနေဖြင့် ကုန်ကားတစ်စီးလျှင် တရုတ်ယွမ်ငွေ ၁၀ဝ၀ဝ မှ ၁၇၀ဝ၀ ခန့်၊ ရွှေသခွား ဂျပ်ဖာ တစ်ကီလိုလျှင် တရုတ် ယွမ်ငွေ ၂ ဒသမ ၈ ယွမ်မှ ၄ ယွမ်ခန့် ဈေးရရှိနေပြီး ဝူခုံးဖရဲ တစ်ကီလိုကို ၂ ယွမ်မှ ၃ ဒသမ ၃ ယွမ်၊ ရွှေဖရဲသခွား တစ်ကီလိုလျှင် ၁ ဒသမ ၅ ယွမ်မှ ၂ ဒသမ ၅ ယွမ်ခန့်ရှိကြောင်း သိရသည်။

 

ပန်းဆု