Main menu

Background

မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်နိုင်ငံ ဒေသအဆင့် လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Fri, 06/19/2020 - 13:16 -- journal_editor

    မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်အား လျင်မြန်စွာ  အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဖွဲ့စည်းထားသည့် ဒေသ အဆင့်လုပ်ငန်းအဖွဲ့ဝင်များသည်  ဇွန် ၁၂ ရက်တွင် နေပြည် တော်၊ ကူမင်း၊ တက်ဟုန်းပြည်နယ်ခွဲ၊  တရုတ်နိုင်ငံသံရုံး၊ မူဆယ်ကုန်သွယ်ရေးဇုန် စသည့် ငါးနေရာနှင့် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့သည်။ ဒေသအဆင့် လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Zhao Ruijun တို့က  ဦးဆောင်ကျင်းပပြုလုပ်ခဲ့ကြပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် ရှစ်ဦး၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနမှ ကိုယ်စားလှယ်  ကိုးဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shu Fu၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်  တက်ဟုန်းပြည် နယ်ခွဲမှ အစိုးရအဖွဲ့ဝင် Mr. Wang Yu နှင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းတို့ တက်ရောက်ခဲ့ကြသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ပတ်သက်၍ တိုးတက်မှုအခြေ အနေများ၊ အကြံပြုချက်များ၊ နှစ်ဖက်ပူးတွဲ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် ဒေသအဆင့် လုပ်ငန်းအဖွဲ့အစည်းအဝေး များအား ပုံမှန်ကျင်းပနိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံဘက်၌ ပူးပေါင်းဆောင်ရွက်မှုဇုန်၏  နယ်နိမိတ် သတ်မှတ်နိုင်ရေး အတွက် မြေတိုင်းတာမှုလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင် ရေး ကိစ္စရပ်များ၊ တရုတ်နိုင်ငံဘက်က လက်ရှိဆောင်ရွက်နေ သည့် ပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုင်ရာ အချက်အလက်များ၊ မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက် ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ စသည် တို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
         ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့သည့် မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ပတ်သက်သော မူဘောင်သဘောတူစာချုပ် ဆွေးနွေးမှု လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန် လွှာကို  ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်များနှင့်   တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင် သည့် ကိုယ်စားလှယ်များပါဝင်သည့် ဒေသအဆင့် လုပ်ငန်း အဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်။ နှစ်နိုင်ငံ  ဒေသအဆင့်လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန် ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ကုန်သွယ်ရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားရာ၌ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အား မူဆယ်-ရွှေလီတွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာဘက်ခြမ်း၌ နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ် (ပန်ဆိုင်း) နေရာများ ပါဝင်သည့် တြိဂံဧရိယာတွင် ဆောင်ရွက်သွားရန် လျာထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 ကာလအတွင်း ခရီးသွားလာရန် ကန့်သတ်ထား ခြင်းကြောင့် နိုင်ငံတော်၏ထုတ်ပြန်ချက်များ ပယ်ဖျက်ပြီးပါက အဆင့်မြင့်အရာရှိကြီးများ ဦးဆောင်ပြီး ပူးပေါင်းဆောင်ရွက် မှုဇုန်၏ ကိုသြဒိနိတ်မြေပုံဖြင့် အတည်ပြုတည်နေရာ အကျယ် အဝန်းတို့အား သတ်မှတ်နိုင်ရေး မြေပြင်ကွင်းဆင်တိုင်းတာ ခြင်းလုပ်ငန်းများကို တစ်လအတွင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာဘက်မှ ဇုန်နေရာကို လျာထား သတ်မှတ်ပြီးပါက မူဆယ်-ရွှေလီနယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်နှင့်   ပတ်သက်သော  မူဘောင်သဘောတူ စာချုပ်ဆွေးနွေးမှုလုပ်ငန်းစဉ်များ လျင်မြန်တိုးတက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာပါ အပိုဒ်(၃)အရ နှစ်ဖက်အဖွဲ့ များ တွေ့ဆုံကာ ပူးတွဲကွင်းဆင်းလေ့လာဆန်းစစ်ပြီး သက် ဆိုင်ရာ အစိုးရများကို ဆက်လက်တင်ပြ  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နှစ်ဖက်ဒေသအဆင့် လုပ်ငန်းအဖွဲ့များအကြား ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်အနေဖြင့် ပုံမှန် အစည်းအဝေးကို   သုံးလတစ်ကြိမ် ကျင်းပဆောင်ရွက်ရန် သဘောတူပါကြောင်းနှင့် မြေပြင်တွင် လက်တွေ့လုပ်ငန်း ဆောင်ရွက်နေကြသည့်  အဖွဲ့ဝင်များ အချင်းချင်းလည်း လိုအပ် ပါက နှစ်ဖက်ညှိနှိုင်းပြီး  အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး နိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ Core Zone အဖြစ်  သတ်မှတ်ဆောင်ရွက်မည့်နေရာရှိ ဟိုဆောင် အမှတ်(၄)ဂိတ်အား နှစ်ဖက်ဖွင့်လှစ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
       အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင် ရွက်နိုင်ရန်အတွက်  ဆက်သွယ်မည့်ပုဂ္ဂိုလ်များကိုလည်း အပြန်အလှန် သတ်မှတ်နိုင်ခဲ့ကြသည်။ နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဇုန် တည်ထောင်အကောင် အ ထည်ဖော်ရေးအတွက် ပူးတွဲဒေသအဆင့် လုပ်ငန်းအဖွဲ့  ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ အစဉ်အလာကောင်းခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး နယ်စပ်ဒေသနှင့် နယ်စပ်နေပြည်သူများ အကျိုးစီးပွား ပိုမိုတိုးတက်လာစေရန် အတွက် အထောက်အကူပြုမည့် နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်မျာ း မကြာမီအချိန်အတွင်း  ရုပ်လုံးပေါ်လာ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

သန်းသန်းနိုင်(နှစ်နိုင်ငံ)