Main menu

Background

ကနေဒါနိုင်ငံသို့ မန်ကျည်းတင်ပို့

Thu, 07/23/2020 - 15:40 -- journal_editor

ဇူလိုင်၅ ရက်မှ ၁၁ ရက် သီတင်းပတ်အတွင်း မန်ကျည်း၂ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းမှ  ကနေဒါနိုင်ငံသို့ တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က မန်ကျည်းတန် ၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ၄၇ ဒသမ ၅ တန် တင်ပို့မှုလျော့နည်းခဲ့ကြောင်း  သိရသည်။ မန်ကျည်းအစေ့လွတ် တစ် တန် အမေရိကန်ဒေါ်လာ ၈၀ဝ ရရှိခဲ့သည်။  ထို့ကြောင့် ယခုတစ်ပတ် မန်ကျည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀ဝ၀ ဝင်ငွေရရှိခဲ့သည်။
သီတာဝင်း (DOT)