Main menu

Background

မြန်မာ့ဖရဲသီး ယူအေအီးသို့ တင်ပို့နိုင်ခဲ့

Thu, 01/07/2021 - 13:25 -- journal_editor

ဒီဇင်ဘာ ၁၃ ရက်က  မြန်မာနိုင်ငံမှ ဖရဲသီးများ ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းဖြင့် စတင်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာ့ ဖရဲသီးသည် ဆယ်စုနှစ် သုံးခုကျော် တရုတ်ပြည် သူ့သမ္မတနိုင်ငံ တစ်ခုတည်းကိုသာ ဈေးကွက်ရရှိအောင် မှီခို အားထားတင်ပို့ရာမှ ယခုအခါ  ယူအေအီးဈေးကွက်သို့ စတင် တင်ပို့နိုင်ပြီဖြစ်ပြီး ကာတာနှင့် စင်ကာပူနိုင်ငံများသို့လည်း ဈေးကွက်ချိတ်ဆက်ထားပြီးဖြစ်သည်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမှ  အသီးအနှံလက်ကားရောင်းချ သည့် ကုမ္ပဏီတစ်ခုက မြန်မာပြည်တွင်း  ကုမ္ပဏီတစ်ခုဖြစ် သည့် Future Glory ကုမ္ပဏီသို့  ကုန်ဝယ်အမှာစာ ပေးပို့ဝယ်ယူခြင်းဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံးတင်ပို့ရန် စာချုပ်ချုပ်ဆို ထားကြောင်း သိရှိရသည်။
Future Glory ကုမ္ပဏီအနေဖြင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလ မတ်လတွင် ဖရဲသီးပွဲတော် ကျင်းပစဉ် ကတည်းက ပြည်ပဈေးကွက်များကို ချိတ်ဆက်ရှာဖွေနေခဲ့ကြောင်းနှင့် နာနတ်သီး၊ နဂါးမောက်သီးများကိုပါ  ပြည်ပဈေး ကွက်များ ရှာဖွေနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က မြန်မာ့သစ်သီးဝလံများ တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုသာ အဓိကအားထားတင်ပို့ခဲ့ရာမှ ယခုအခါ  ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် အခြားနိုင်ငံများသို့ ဈေးကွက်ထိုးဖောက်  ဝင်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ့ထွက်ကုန်များအတွက် ယခုကဲ့သို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် လက်တွဲ၍ ပြည်ပ နိုင်ငံများသို့  ဈေးကွက်ထိုးဖောက်  ဝင်ရောက်နိုင်သည့် Exporter များ များစွာပေါ်ပေါက်လာစေရေး ဆန္ဒပြုလိုက်ရပါ သည်။  

သတင်းရင်းမြစ်- Facebook (Sandar Myo Account )
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွ