Main menu

Background

ရေနံချောင်း၌ ကွမ်းရွက်ဈေးတက်

Thu, 01/07/2021 - 15:37 -- journal_editor

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌  မန္တလေးနှင့်စစ်ကိုင်းတိုင်း ဒေသကြီးမှထွက်ရှိသော ကွမ်းရွက်များ ဈေးတက်နေကြောင်း   ကွမ်းယာဆိုင်များနှင့်   ကွမ်းရွက်ရောင်းဝယ်သူများ ထံမှ စုံစမ်းသိရှိရသည်။"ကျွန်တော်တို့လွန်ခဲ့တဲ့ ၁၀ ရက် မှာ ကွမ်းရွက်ဈေးနှုန်းတစ်ပိဿာ ကျပ် ၃၀ဝ၀ ဝယ်ရတယ်။ ကိုဗစ်ကာလဆို တော့ မနက် ၁၀ နာရီဆိုရင်  ဝယ်မယ့် သူက မရှိဘူး။ကျေးရွာကနေ ဈေးဝယ် လာသူတွေလည်းပြန်ပြီ။ ရောင်းအားက မကောင်းဘူး။ လက်ရှိ   ကွမ်းရွက် တစ် ပိဿာကျပ် ၇၀ဝ၀ ဝယ်ရတယ်။ အား ချင်း တက်လာတာပါ"ဟု  ကွမ်းယာရောင်းဝယ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ကွမ်းဈေးမှာ  လက်ရှိတစ်ပိဿာ ကျပ် ၇၀ဝ၀ ရောင်းနေကြောင်း ယခုလပထမပတ်ကစပြီး  ဈေးတက်လာ ကြောင်း ရေနံချောင်းမြို့ မြို့မဈေးမှ ကွမ်းရွက်ရောင်းသည့် အမျိုးသားတစ်ဦးက ပြောသည်။ ရေနံချောင်းမြို့ နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးမှထွက်ရှိသော ကွမ်းရွက်များကို  အဓိကရောင်းချရပြီး ဒေသ၌   ကွမ်းရွက်ကို စိုက်ပျိုးမှုမရှိကြောင်း သိရသည်။

 

ရွှေဇင် (ရေနံချောင်း)