Main menu

Background

မန္တလေးကြက်သွန်နီ ဈေးအေးနေ

Wed, 01/27/2021 - 14:39 -- journal_editor

ယခုတစ်ပတ် မန္တလေးကြက်သွန်နီဈေးနှုန်းဈေးကွက် အခြေအနေမှာ ကြက်သွန်နီအဟောင်းများ အရည်အသွေးနိမ့် (အညှောင့်ပေါက်)လာခြင်းကြောင့် ဈေးနှုန်းနိမ့်ကျလာပြီး ကြက်သွန်နီအသစ်များဈေးကွက်သို့  ဝင်ရောက်လာ၍ ပြည်ပတင်ပို့မှု အနည်း ငယ်သာရှိသောကြောင့် ဈေးအေးနေကြောင်း သိရသည်။ ယခုတစ်ပတ် မန္တလေးဈေးကွက်တွင် ကြက်သွန်နီ တစ် ပိဿာ လက်ကားဈေးနှုန်းများမှာ ထိပ်စကျပ် ၆၀ဝ၊ အလတ်စ ကျပ် ၅၀ဝ၊ အနိမ့်စ ကျပ် ၃၀ဝ၊ လက်လီဈေးနှုန်းများမှာ ထိပ်စ ကျပ် ၈၀ဝ၊ အလတ်စ   ကျပ် ၆၀ဝ၊ အနိမ့်စကျပ် ၃၀ဝ ဖြင့် နေ့စဉ် ကုန်ချိန်ပိဿာ ၂၅၀ဝ၀ မှ ၃၀ဝ၀ဝ ခန့်   ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။        
ကျောက်ဆည်ဈေးကွက်တွင် ကြက်သွန်နီ လက်ကား ဈေးမှာ တစ်ပိဿာလျှင်  အမြင့်စ ကျပ် ၅၀ဝ၊ အလတ်စ ကျပ်  ၄၀ဝ၊ အနိမ့်စကျပ်  ၃၀ဝ၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် ထိပ်စကျပ်  ၇၀ဝ၊ အလတ်စ ကျပ် ၅၀ဝ၊ အနိမ့်စ ကျပ်  ၃၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။ မြင်းခြံကုန်စည်ဒိုင်ဈေးကွက်သို့  မြင်းခြံ၊ တောင်သာနှင့် အနီးတစ်ဝိုက်မှ ကြက်သွန်နီ အများအပြား စိုက်ပျိုးသည့် ရွာ များမှနေ့စဉ် ကုန်ချိန်ပိဿာ(နွေ)၄၀ဝ၀ခန့်မှ (မိုး) ၁၇၆၀ဝ၀ ကျော်ထိ ဝင်ရောက်မှုရှိပြီး ယခုတစ် ပတ် လက်ကားဈေး တစ် ပိဿာလျှင်   ကြက်သွန်နီ (မိုး) ကျပ် ၂၀ဝ မှ ၄၀ဝ၊ ကြက်သွန်နီ (နွေ)အဟောင်းများ အရည်အသွေးနိမ့်(အညှောင့်ပေါက်)လာခြင်းကြောင့် ကျပ် ၁၀ဝ မှ ၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။

 

မြင့်မြင့်လှိုင်(ရတနာပုံကုန်သွယ်မှုဗဟိုဌာန)