မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ကြက် သွန်နီများ အရောင်းအဝယ် လက်လီသာ အဓိက ရောင်းချရ ပြီး ဈေးအေးနေကြောင်း ကြက်သွန်နီဈေးကွက်မှ စုံစမ်းသိရှိရ သည်။“လက်ရှိ ကြက်သွန်နီသစ်တွေ မြို့မဈေး၊ ပျံကျဈေးနှင့် လက်လီဈေးကွက်ကို အဓိကရောင်းနေကြပြီး အချို့ဒေသခံ များက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ရောင်းချတာမျိုး လည်းရှိတယ်။ ဈေးအေးသည့်အတွက် ကြက်သွန်နီအသုံးများ သူများက ပိဿာ ရာဂဏန်းအထိ ဝယ်စုကြတာမျိုးလည်း ရှိတယ်}”ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိ ကြက်သွန်နီ လက်လီတစ်ပိသာလျှင် ကျပ် ၄၀ဝ ပေါက်ဈေးရှိကာ လက်လီဈေးအေးနေကြောင်း ကြက် သွန်နီ လက်လီရောင်းသည့်အမျိုးသမီးတစ်ဦးထံမှ သိသည်။မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ဆောင်း ကြက်သွန်နီစိုက်ဧက သုံးထောင်ကျော် လျာထားစိုက်ပျိုးခဲ့ ကြောင်း ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန စာရင်း အရ သိရသည်။
ဆန်းညွန့်(ရေနံချောင်း)