Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး၊ ဆန်နှင့် ပဲမျိုးစုံဈေးကွက်

Fri, 07/29/2022 - 12:55 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊ ပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ ဧရာမင်း စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ၊ ဧရာမင်း ဆန် ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၄၀ဝ၀၊ ရေဦးမြို့မှ ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၃၅၀ဝ၀ဝ၊ ပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၅၂၀ဝ၀၊  ဧရာမင်း စပါးတင်း ၁၀ဝ လျှင် ၉၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၀ဝ၀ဝ များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထစပါး တင်း၁၀ဝ လျှင် ကျပ် ၈၅၀ဝ၀ဝ၊ ဧည့်မထ ဆန် ၂၄ပြည်ပါတစ်အိတ်မှာ ကျပ် ၂၇၀ဝ၀၊ ငစိန်စပါး တင်း ၁၀ဝ လျှင် ကျပ် ၈၀ဝ၀ဝ၀၊ ငစိန် ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၆၅၀ဝ၊ ဧရာမင်း စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၀ဝ၀ဝ၀ဝ၊ ဧရာမင်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၃၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ်မှ မှော်ဘီ(၂) စပါးတင်း ၁၀ဝ လျှင် ကျပ် ၈၀ဝ၀ဝ၀၊ မှော်ဘီ(၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၃၅၀ဝ၀၊ဆင်းဧကရီ(၃) စပါးတင်း ၁၀ဝ လျှင် ကျပ် ၇၅၀ဝ၀ဝ၊ ဆင်း ဧကရီ(၃)ဆန် ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၃၂၀ဝ၀၊ ဧရာမင်း စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၀ဝ၀ဝ၀ဝ၊ ဧရာမင်းဆန် ၂၄ ပြည် ဆန် တစ်အိတ်လျှင် ကျပ် ၄၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၁၀ဝ၀ဝ၀၊  ဧရာမင်းဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၅၀ဝ၀၊ ပေါ်ဆန်းစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ ပေါ်ဆန်းဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ မနောသုခ စပါးတင်း ၁၀ဝ လျှင် ကျပ် ၈၀ဝ၀ဝ၀၊ မနောသုခ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကန့်ဘလူခရိုင်  ကန့်ဘလူမြို့တွင် ဧရာမင်း စပါးတင်း ၁၀ဝ လျှင် ကျပ် ၉၅၀ဝ၀ဝ၊  ဧရာမင်း ဆန်၂၄ ပြည်  တစ်အိတ်မှာ ကျပ် ၃၇၀ဝ၀၊ ပေါ်ဆန်း စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၄၀ဝ၀ဝ၀၊ ပေါ်ဆန်း ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီး ထွက်မှုမှာ ဇူလိုင်လဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၇၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၁၃၀ဝ၊ မကွေးသို့ အိတ်ရေ ၁၀ဝ၀၊ နေပြည် တော်သို့ အိတ်ရေ ၉၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ စုစုပေါင်း အိတ်ရေ ၁၁၁၃၀ဝ အိတ်၊ တန်အားဖြင့် ၅၅၆၅ စီးထွက်ခဲ့သည်။ ယခု ဇူလိုင်လ တတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၄၄၉၀ဝ၊ မကွေးသို့ အိတ်ရေ ၁၀ဝ၀၊ နေပြည် တော်သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၇၅၀ဝ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၇၅၀ဝ၊ စုစုပေါင်း အိတ်ရေ ၁၀၇၉၀ဝ အိတ်၊ တန်အားဖြင့် ၅၃၉၅ တန် စီးထွက်ခဲ့သည့် အတွက် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် အိတ်ရေ ၃၄၀ဝ တန်အား ဖြင့် ၁၇၀တန်လျော့နည်း စီးထွက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်း ကျပ် ၄၅၀ဝ၀၊  ပဲစင်းငုံတစ်တင်း ကျပ် ၄၄၅၀ဝ၊ မတ်ပဲတစ်တင်း ကျပ် ၅၂၀ဝ၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၄၈၀ဝ၀၊ ကုလားပဲ ၉၂၉ တစ်တင်း ကျပ် ၄၉၀ဝ၀၊ ကုလားပဲ ဠ၂ တစ်တင်း ကျပ် ၅၁၅၀ဝ၊ ကုလားပဲ ဠ၃ယ၇ တစ်တင်း ကျပ် ၅၁၅၀ဝ ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
ဂျုံဖြူသန့်တစ်တင်း ကျပ် ၄၅၀ဝ၀-၄၆၀ဝ၀၊  ဂျုံနီတစ်တင်း ကျပ် ၄၂၅၀ဝ-၄၃၅၀ဝ၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၀ဝ၀ဝ-၇၁၀ဝ၀၊ ပဲနီလုံးရိုးရိုး တစ်တင်းကျပ် ၄၄၀ဝ၀-၄၅၀ဝ၀၊ ပဲနီလုံးကြား တစ်တင်း ကျပ် ၄၅၅၀ဝ၊  ပဲပုပ်စေ့ (ဗမာ) တစ်တင်း ကျပ် ၆၂၅၀ဝ၊ ထောပတ်ပဲ တစ်တင်း ကျပ် ၄၃၅၀ဝ-၄၅၀ဝ၀၊  မြေထောက်ပဲ  တစ်တင်း ကျပ် ၅၁၀ဝ၀-၅၇၀ဝ၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၃၅၀ဝ၊ ပဲလွမ်းဖြူ တစ်တင်း ကျပ် ၃၂၀ဝ၀-၃၅၀ဝ၀၊ ပဲလွမ်းပြာ တစ်တင်း ကျပ် ၃၁၀ဝ၀၊ အစေ့ ထုတ်ပြောင်း (ဃဏ) တစ်တင်းကျပ် ၁၅၀ဝ၀၊ ပြောင်းနီ တစ်တင်းကျပ် ၁၄၅၀ဝ၊ ပြောင်းဖြူ တစ်တင်း ကျပ် ၁၅၅၀ဝ၊ ဆီထွက်သီးနှံများဖြစ် သော နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းညိုတစ်တင်း ကျပ် ၆၀၅၀ဝ၊ နှမ်းနက် တစ်တင်း ကျပ် ၆၀ဝ၀ဝ-၇၃၀ဝ၀၊ နှမ်းဖြူ တစ်တင်းကျပ် ၆၆၀ဝ၀၊ နှမ်းနီ တစ်တင်း ကျပ် ၅၉၀ဝ၀-၆၀၅၀ဝ၊  မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၄၉၀ဝ-၅၀ဝ၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ကျပ် ၄၈၀ဝ-၄၈၅၀၊ ပဲဖတ်တစ်ပိဿာ ကျပ် ၁၈၈၀၊ နှမ်းဖတ်တစ်ပိဿာ ကျပ် ၁၂၈၀၊ နေကြာဖတ် တစ်ပိဿာ ကျပ် ၁၁၀ဝ ဈေးနှုန်းအသီးသီး ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

တင်မာဝေ(မုံရွာ)