Main menu

Background

နိုင်ငံခြား အရက်မျိုးစုံကို Mobile Team လရ-၂ အဖွဲ့မှ သိမ်းဆည်း

Wed, 08/12/2015 - 20:37 -- journal_editor

  မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတလျှောက်ရှိ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ Mobile Team လရ-၂ အဖွဲ့ သည် ကိုယ်ပိုင်ယာဉ်ငယ်များနဲ့ ခရီးသည်တင် မှန်လုံယာဉ်များပေါ်တွင် နိုင်ငံြ ခားဖြစ် အရက်၊ ဘီယာများ တင်ဆောင်၍ သယ်ယူရန်ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသဖြင့် ဇူလိုင်လ ၇ ရက်နေ့ ၀၉း၀၀ နာရီတွင် လရ-၂ အခြေပြုရာ ဖြစ်သော ညောင်ခါးရှည်လမ်းဆုံနဲ့ စစ်တောင်းတံတားသစ်တို့ကြား ရှိ ပြည်ထာင်စုလမ်းမကြီးတစ်လျှောက်နဲ့ ကျေးရွာအဝင်လမ်းတို့အား ကင်းပုန်းစောင့်ကြည့်လျက်ရှိစဉ် ယင်းနေ့ ၁၆း၃၀ ချိန်တွင် ပြည့်အားမာန် ယာဉ်လိုင်း မှန်လုံယာဉ်အမှတ် IA/xxxx သည် စစ်တောင်းတံတားသစ်နဲ့ မီးရထား သံလမ်းကြား ပြည်ထောင်စုလမ်းမကြီး၏ ဘေးတွင်ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် Mobile Team အဖွဲ့စုံမှ ယာဉ်အား စစ်ဆေးရာယာဉ်ပေါ်တွင် ABOSOLUT VODKA (1x700 ml x 12 pcs) ၂၃၈၈ ပုလင်း၊ BLENDED SCOTCH (1 x 1 Lit  x 12 pcs)  ၂၂၈ ပုလင်း၊ BLENDED SCOTCH (1 x 150 ml x 12 pcs) ၁၈၀ ပုလင်း၊ JAGERMEISTER (1 x 700 ml   x 12 pcs) ၇၀၈ ပုလင်း၊ Vit C (Stawberry Tablet) (1x1000 tab x 50 bot) ၆၀၀ ပုလင်း၊ စုစုပေါင်း နိုင်ငံခြားအရက်မျိုးစုံ ၄၁၀၄ ပုလင်းကို စစ်ဆေးတွေ့ရှိ သိမ်း ဆည်းနိုင်ခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိ အရက်မျိုးစုံနဲ့ တင်ဆောင်လာတဲ့ မှန်လုံ ယာဉ်အား အကောက်ခွန်အမှုတွဲ ဖွင့် လှစ်ပြီး နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

MIRT