Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်လိုင်းများအနက်မှ ကုန်စည်လိုင်း ၁၅၀အား သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သောကုန်စည်လိုင်း အဖြစ် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာ(

Mon, 12/26/2016 - 14:54 -- journal_editor

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်လိုင်းများအနက်မှ ကုန်စည်လိုင်း ၁၅၀အား သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သောကုန်စည်လိုင်း အဖြစ် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာ(၈၆/၂၀၁၆) ဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ WTO ၏ Agreement on Import Licensing Procedures အရ လိုက်လျောညီထွေဖြစ်စေရန်အတွက် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် သွင်းကုန်အမယ်စာရင်းများကို မြန်မာနိုင်ငံ၏ HS Code 2012 Version အရ စုစုပေါင်းကုန်စည်လိုင်းများ၏ ၄၅ ရာခိုင်နှုန်းဖြစ်သော ကုန်စည် ၄၄၀၅ လိုင်းအား Negative List အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၆၉ /၂၀၁၅) နှင့် ဒုတိယအဆင့်ဖြေလျှော့မှု အနေဖြင့် Negative List မှ ကုန်စည်လိုင်း ၂၆၇ လိုင်းအား လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်လိုင်းအဖြစ် အမိန့် ကြော်ငြာစာအမှတ်(၆၀/၂၀၁၆)ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့သည်။
      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ်(၆၀/၂၀၁၆)ဖြင့် ထုတ်ပြန်ခဲ့ပြီး သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော (Negative List) ကုန်စည်လိုင်း ၄၁၃၈ လိုင်းအနက်မှ ကုန်စည် လိုင်း ၁၅၀ ကို ထပ်မံဖြေလျှော့လိုက်ခြင်းဖြစ်သည်။ အဆိုပါသွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုအပ်သော ကုန်စည်လိုင်း၁၅၀ ၏စာရင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့်  www. commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

မယ်သီတာ