
မေ ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၀၉၀၂ တန်ဖိုးရှိ လက်ဖက်ခြောက် ၁၅၉ တန်ခွဲတင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၇၉ တန်ခွဲနဲ့နှိုင်းယှဉ်ပါက တန် ၈၀ ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။
ဂျာမနီနိုင်ငံမှ မြန်မာ့လက်ဖက်ကို တစ်နှစ်လျှင် တန် ၂၀ မှ တန် ၅၀ အထိ ဝယ်ယူရန်ကမ်းလှမ်းထားကြောင်း၊ ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ခေတ်မီလက်ဖက် စက်ရုံတစ်ခုကိုလည်း ၂၀၁၈ ခုနှစ်တွင် တည်ထောင်ကာ နိုင်ငံတကာ ဈေးကွက် ထိုးဖောက်ရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရ ပါတယ်။
မော်မော်အောင်