Main menu

Background

Online CO System အား ပြင်ဆင်မှုပြုလုပ်သွားမည့် အခြေအနေအား အသိပေးကြေညာခြင်း

Thu, 09/12/2019 - 15:47 -- journal_editor

Online CO System အား ပြင်ဆင်မှုပြုလုပ်သွားမည့် အခြေအနေအား အသိပေးကြေညာခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အကောက်ခွန်သက်သာခွင့်အတွက် Certificate of Origin(CO) ထုတ်ပေးမှုအား Online CO System ဖြင့် ၁၂-၁၂-၂၀၁၈ ရက်နေ့မှစတင်၍ Online စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ASEAN Single Window ကို အကောင်အထည်ဖော်ဆောင်ရာတွင် CO Form-D ဆိုင်ရာ Electronic အချက်အလက်များကို အာဆီယံ(၁၀)နိုင်ငံအတွင်း အပြန်အလှန်ပေးပို့ခြင်းကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။
    သက်ဆိုင်ရာ ASEAN နိုင်ငံများသို့ electronic အချက်အလက်များပေးပို့နိုင်ရေးအတွက် Online CO စနစ်ပြင်ဆင်မှုများကို (၁၄-၉-၂၀၁၉) နှင့် (၁၅-၉-၂၀၁၉) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် Form-D အသစ်လျှောက်ထားခြင်း၊ ပြင်ဆင်ခြင်းများအား (၁၃-၉-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၂:ဝဝ) နာရီအပြီး ဆောင်ရွက်ကြရန်နှင့် ငွေပေးသွင်းခြင်း၊ လက်မှတ်လာရောက်ရေးထိုးခြင်းတို့ကို (၁၃-၉-၂၀၁၉) ရုံးချိန်အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ပါသည်။
    စနစ်ပြင်ဆင်မှုများပြုလုပ်နေသည့် (၁၄-၉-၂၀၁၉) နှင့် (၁၅-၉-၂၀၁၉) ရက်နေ့တွင် Online CO စနစ်အား အသုံးပြုနိုင်မည် မဟုတ်ပဲ (၁၆-၉-၂၀၁၉) ရက်နေ့ နံနက်(၉:ဝဝ) နာရီ အချိန်တွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန