Main menu

Background

တောင်ငူခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show များပြုလုပ်

Mon, 09/28/2020 - 10:02 -- journal_editor

တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် Covid-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတရန်အတွက် သက်ဆိုင်ရာ မြို့နယ်များရှိ လူထုအခြေပြုဗဟိုဌာနများတွင် အသိပညာပေးခြင်းလုပ်ငန်းများကို Online  ဖြင့် တင်ဆက် လျှက်ရှိရာ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူးနိုင်ရန် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနသို့ ညှိနှိုင်းလာပါသဖြင့် စက်တင်ဘာလ ၁၆ ရက် နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်း စရာများနှင့် Covid-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း စားသုံးသူရေးရာ ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

        အလားတူ စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် တောင်ငူခရိုင် ရုံးမှ ဒု-ဦးစီးမှူး ဦးစောသန်းထိုက်ကျော်တို့သည် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show သို့ လည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဒု-ဦးစီးမှူး ဒေါ်သဲစုလွင်တို့သည် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show သို့လည်းကောင်း စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ဃသလငိ ၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကာလအတွင်း စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ Talk Show အစီအစဉ်များသည် မိနစ် ၂၀ ခန့်ကြာမြင့်ကြောင်းနှင့် သက်ဆိုင်ရာ IPRD Page များတွင် ထုတ်လွှင့်ကြောင်းသိရသည်။

စောသန်းထိုက်ကျော်