Main menu

Background

မြေသြဇာ (၁၁-၁၀-၂၀၂၀ မှ ၁၇-၁၀-၂၀၂၀) အတွင်း မြေသြဇာတန်ချိန် ၂၀၀၀၀ ကျော်တင်သွင်း

Thu, 10/22/2020 - 14:11 -- journal_editor

အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၈၄၄၀၀၆ တန်ဖိုးရှိ မြေသြဇာ ၂၆၂၆၂ ဒသမ ၁၆၄ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၂၅၃၀ တန်၊ တရုတ်နိုင်ငံမှ ၂၅၉၉ ဒသမ ၈တန်၊ အီဂျစ်နိုင်ငံမှ ၁၂၆၀ တန်၊ ဂျာမနီနိုင်ငံမှ ၁၇၅၁ဒသမ ၉၉၄ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ ၆ တန်၊ အီရန်နိုင်ငံမှ ၆၄၅ တန်၊ ဂျပန်နိုင်ငံမှ ၅၁ ဒသမ ၄၈ တန်၊ ကိုရီးယားနိုင်ငံမှ ၂၅၇၄ ဒသမ ၂၁ တန်၊ ကာတာနိုင်ငံမှ ၁၀၇၀၀ ဒသမ ၀၃  တန်၊  ရုရှားနိုင်ငံမှ ၁၇၅၈ ဒသမ ၀၂ တန်၊ ထိုင်းနိုင်ငံမှ ၂၈၅ ဒသမ ၆၃ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၁၀၇၅ တန်နှင့် ဗီယက်နမ်နိုင်ငံမှ ၁၀၂၅ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

          တင်သွင်းခဲ့သည့်အမျိုးအစားများမှာ ပိုတက်၊ အမိုးနီးယမ်းဆာလဖိတ်၊ ဖလော်ရာ(ရွှေရောင်ဆန္ဒ-၁၊ ရွှေရောင်ဆန္ဒ-၂)၊ ကယ်လ်ဆီယမ်နိုက်ထရိတ်၊ ကွန်ပေါင်း၊ ဇင့်ဆာလဖိတ်၊ ကွန်ပေါင်း(၁၅:၁၅:၁၅)၊ ကွန်ပေါင်း(၁၅:၆:၉)(ရွှေပျား)၊ ယူရီးယား(စုစံ)၊ ကွန်ပေါင်း(ရွှေမြေသီး)၊ ယူရီးယား(Grow Up)၊ အော်ဂဲနစ်(ဂျန်ကီ)၊ ယူရီးယား (Granular)၊ ကွန်ပေါင်း(၁၆:၁၆:၁၆)၊ ယူရီးယား(ရွှေကြာပန်း)၊ ကွန်ပေါင်း(၁၅:၁၅:၁၅) (နွားခေါင်း)၊ ကွန်ပေါင်း(အာမို)တို့ဖြစ်သည်။ ယခင်သီတင်းပတ်က မြေသြဇာတန်ချိန် ၈၄၇၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၇၇၈၀ ကျော်ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။