မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ၊ မူဆယ်မြို့ နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရွှေလီ (ကျယ်ဂေါင်) တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပါ သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ရန် အလှည့်ကျရောက်ပါ သည်။ သို့ရာတွင် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ (မူဆယ်)မြို့တွင် လက်ခံကျင်းပရန် မဖြစ်နိုင်သောကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ Online စနစ်ဖြင့် ကျင်းပသွားမည်ဖြစ် ပါသည်။
ယခုနှစ်တွင်(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး “Online” ကုန် စည်ပြပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ Myanmar Online Expo Park Platform တွင် ပြခန်းပေါင်း (၆၀) ဖြင့် Online မှ တည်ဆောက်ခင်းကျင်းပြသ သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ထားကြောင်း နှင့် ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ နေပြည်တော် ဖုန်း-၀၆၇၃၄၀၈၆၂၂ / ၀၆၇၃၄၀၈၆၂၃၊ Email-moctradefair@gmail.com, moctradefair @myantrade.gov.mm နှင့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၃၈၅၃၂၃/ ၀၁-၃၈၅၃၃၆ ၊ Email - mitc@myantrade.gov.mm, mitcmyan- trade@gmail.com တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးပါသည်
(လှဝေ) ကုန်သွယ်မြှင့်