Main menu

Background

ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ

Fri, 12/18/2020 - 11:30 -- journal_editor

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူး ငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်းသိရှိ ရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ငွေပမာဏသည် ၅၀ဝ၀၄၈၁ ကန်ဒေါ်လာဖြစ်ပြီး ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ငွေပမာဏမှာ ၁၉၆၅၄၀၂၀ ဒသမ ဝ၄၇ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၂၄၆၅၄၅၀၁ ဒသမ ဝ၄၇ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ဓါတ်မြေသြဇာ၊ လေးဘီးလယ်ထွန်စက်၊ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ သံပိုက်၊ ချည်ထည်၊ ကားတာယာနှင့် ပီနန်အိတ်တို့ဖြစ်ပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့တင်သွင်းကုန်၏ငွေပမာဏမှာကန်ဒေါ်လာ ၄၈၈၃၆၃ ဖြစ်ပြီး ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှမြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာကန်ဒေါ်လာ ၇၀၃၂၀ ဖြစ်၍တင်သွင်းကုန်၏စုစုပေါင်း ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၅၅၈၆၈၃ တင်သွင်းမှုရှိခဲ့ပါသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ တစ်ဖက်နိုင်ငံတရုတ်ပြည်တွင် ဆန်မာတစ်အိတ်လျှင် ၁၀၈ ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် ၁၂၆ ယွမ်ဈေးနှင့်စေ့ထုတ်ပြောင်းတစ်အိတ်လျှင် ၇၆ ယွမ်ဈေးပေါက်လျက်ရှိပြီး မြန်မာကျပ်ငွေနှင့် တရုတ် ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀ဝ လျှင် တရုတ်ယွမ် သုည ဒသမ ၄၉ ယွမ် ဖြစ်ပြီး တစ်ယွမ်လျှင် မြန်မာ ကျပ်ငွေ ၂၀၄ ကျပ် ရှိကြောင်းသိရှိရပါသည်။

ဌေးလှိုင် (မနောမြေကုန်သွယ်မှုဗဟိုဌာန)