Main menu

Background

ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် တစ်သိန်းတစ်သောင်းကျော် တင်ပို့ထားပြီး

Tue, 12/13/2022 - 12:05 -- journal_editor

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစိုးရအချင်းချင်း နားလည်မှုစာချွန်လွှာအရ ကုမ္ပဏီ ၄၈ ခုမှ ဆန်တန်ချိန် နှစ်သိန်းတင်ပို့မည့်အစီအစဉ်တွင် ရန်ကုန်သီလဝါ၊ သာကေတနှင့် ပုသိမ်ဆိပ်ကမ်းတို့မှ ဆန်များကို တင်ပို့လျက်ရှိသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၈ ရက်ထိ ဆန်တန်ချိန် တစ်သိန်း တစ်သောင်းခြောက်ထောင် ကျော်ထိ တင်ပို့ပြီးဖြစ်ကြောင်း သိရှိရသည်။ လတ်တလော MV.MCl 19 V-10, MV.ATN Glory V.18, MCL 21,YGN, ANT Glory တို့နှင့် သင်္ဘောတင်ဆဲတွင် တန်ချိန်တစ်သောင်းကိုးထောင်ကျော်ရှိသည့်အတွက် စုစုပေါင်း တင်ပို့မည့် တန်ချိန် နှစ်သိန်းပြည့်မီရန် တန် ခြောက်သောင်းလေးထောင်ကျော်ခန့် ကျန်ရှိကြောင်း သိရသည်။
(PADAUK ,MITS)