Main menu

Background

ဖေဖော်ဝါရီလလယ် ရော်ဘာနှင့်ပြောင်းတင်ပို့မှုအခြေအနေ

Tue, 02/28/2023 - 15:47 -- journal_editor

ရော်ဘာ
ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၇၈ သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန်၅၁၀ဝ ကျော် တင်ပို့ခဲ့သည်။
တင်ပို့မှုအနေဖြင့်  တရုတ်နိုင်ငံသို့  ရော်ဘာတန်ချိန် ၃၁၆၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၅၂၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ရော်ဘာတန်ချိန် ၂၀ဝ ခန့်နှင့် ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့လည်း တင်ပို့ခဲ့သည်။
ယခုတစ်ပတ်အတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု မှ ရော်ဘာတန်ချိန် ၂၇၀ ခန့်နှင့် မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်မှုမှ  ရော်ဘာတန်ချိန် ၅၀ တင်ပို့သဖြင့်  စုစုပေါင်း ရော်ဘာတန်ချိန် ၃၂၀ တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၇ သန်း ရရှိခဲ့သည်။
ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်မှုမှ စုစုပေါင်း  ရော်ဘာတန်ချိန် ၅၄၂၀ တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃၅ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် ရော်ဘာတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ရော်ဘာ တန်ချိန် တစ်ထောင်ကျော် လျော့နည်းတင်ပို့ခဲ့သည်။
ပြောင်း
ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၂၄၃၀ဝ ကျော်တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၁၄ သန်း ရရှိခဲ့သည်။
တင်ပို့မှုအနေဖြင့်   ထိုင်းနိုင်ငံသို့  ပြောင်းတန်ချိန် ၂၂၆၇၀ ကျော်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၆၃၀ ခန့် တင်ပို့ခဲ့သည်။
ယခုတစ်ပတ် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ပြောင်း တန်ချိန် ၃၀၆၇၀ ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု မှ ပြောင်းတန်ချိန် ၁၄၄၀ ကျော်၊ စုစုပေါင်း ပြောင်း တင်ပို့မှု တန်ချိန် ၃၂၁၁၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၇၈ သန်းရရှိသည်။
ယခုတစ်ပတ်  ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန် သွယ်မှုမှ စုစုပေါင်း ပြောင်းတင်ပို့မှု တန်ချိန် ၅၆၄၁၀ တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၉၂ သန်း ရရှိသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်  နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၃၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။

အေးအေးသန့် (DOT)