Main menu

Background

ယခုတစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေတင်သွင်းမှုအခြေအနေ

Wed, 03/01/2023 - 15:04 -- journal_editor

ဖေဖော်ဝါရီ  ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၅ ဒသမ ၇၂၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၇၁၀ဝ ခန့်၊ အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၂၅၀ဝ ခန့်နှင့် ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၆၀ဝ ခန့်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော် တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၅၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။   
နယ်စပ်ကုန်သွယ်မှုမှ ဖေဖော်ဝါရီ  ၁၁ ရက်မှ ၁၇ ရက် အထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၂၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၂၀ဝ ခန့် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ တန်ချိန် ၁၁၅၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၄၀ ကျော် တင်သွင်းခဲ့ သည်။
ဖေဖော် ဝါရီ  ၁ ၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ဝ၈၃ သန်း တန်ဖိုးရှိ ဘိလပ်မြေ  တန်ချိန် ၅၆၀ ကျော် တင်သွင်းခဲ့သည်။  မလေးရှားနိုင်ငံမှ တန်ချိန် ၅၁၀ ကျော်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၅၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ် ပါက ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတန်ချိန် ၅၀ဝ ခန့် ပိုမို တင်သွင်းခဲ့ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ ဖေဖော်ဝါရီ  ၁၁ ရက်မှ ၁၇ ရက် အထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၄၆ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၄၃၀ဝ ကျော် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့သည်။   အနီးစပ်ဆုံးကာလနှင့်   နှိုင်းယှဉ်ပါက  နယ်စပ်မှ ဘိလပ်မြေ တန်ချိန် ၂၁၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ ကြောင်း သိရသည်။                                      

 

  အိမ့် DOT