Main menu

Background

ယခုတစ်ပတ်အတွင်း နို့ဆီ၊နို့မှုန့် နှင့်ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Wed, 03/01/2023 - 15:06 -- journal_editor

ဖေဖော်ဝါရီ  ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၃ သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၅၀ ကျော်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၁၀ ကျော်နှင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၄၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီ တန်ချိန် ၂၈၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရ သည်။  
ဖေဖော်ဝါရီ  ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း   ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၀ သန်း တန်ဖိုးရှိ  နို့မှုန့်တန်ချိန် ၆၀ ကျော်  နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့်တန်ချိန် ၁၅၀  ကျော်  လျော့နည်းတင်သွင်း ခဲ့ကြောင်း သိရသည်။   
ဖေဖော်ဝါရီ  ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၁၀ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၄၀ဝ ကျော် တင်သွင်းခဲ့သည်။ 
ယခုတစ်ပတ်အတွင်း  အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊  သြစတြေးလျနိုင်ငံ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီး၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက ဆေးဝါးပစ္စည်းများ တန်ချိန် ၇၀ ကျော် လျော့နည်း တင်သွင်းခဲ့ကြောင်း သိရသည်။  

အိမ့် DOT