Main menu

Background

ဖေဖော်ဝါရီလအတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Thu, 03/16/2023 - 12:13 -- journal_editor

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၃၉၂ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၀ဝ၀ခန့် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၂၀ဝ ခန့်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၇၀ဝ ‌ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၅၀ ကျော် တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၄၅၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ 
ဖေဖော်ဝါရီ ၁  ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃၁ သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၇၅၀ ကျော် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့်  နယူးဇီလန်နိုင်ငံမှ တန်ချိန် ၇၂၀ ကျော်နှင့် တရုတ်နိုင်ငံမှ တန်ချိန် ၃၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့် တန်ချိန် ၂၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁  ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၃၅  ဒသမ ၃၇၅ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၆၀ဝ ကျော် တင်သွင်းခဲ့သည်။  ယခုလအတွင်း အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘရာဇီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ် နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင် ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန် နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ် နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလ နှင့်နှိုင်းယှဉ်ပါက   ဆေးဝါးပစ္စည်းများ  တန်ချိန် ၈၀ဝ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။  
အိမ့် (DOT)