ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် မတ် ၆ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၄၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။ ထိုင်းဆန်ဈေးနှုန်း များမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၁ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၇ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀ ဒေါ်လာဖြင့် လည်း ကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၈ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့ သည်ကို လေ့လာ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၄၇ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၂ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၁ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ Thai Rice Exporter Association တွင် ဖော်ပြချက် အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်း များ၊ ဗီယက်နမ်နှင့် ပါကစ္စတန် ဆန်ဈေးနှုန်းများ အနည်းငယ် ကျဆင်းခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိ သည်ကို သိရှိရသည်။
ပြည်ပဆန်ဈေးကွက် သတင်းအနေဖြင့် ဆန်ထိပ်တန်း တင်ပို့သည့် နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ဈေးနှုန်းများသည် ဝယ်လက်များ၏ ဝယ်လိုအား နှေးကွေးခြင်း ကြောင့် ယခုတစ်ပတ်တွင် ဆန်ဈေးနှုန်း ကျဆင်းလာကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စိုက်ပျိုးမှုနှင့် အရန်ဆန် ကောင်းမွန်သော်လည်း ပြည်တွင်းဆန်ဈေး မြင့်တက်လျက်ရှိနေပြီး တာဝန်ရှိသူများက ကြားဝယ်လက်များ၏ သိုလှောင်ခြင်းများ ကြောင့်ဟုဆိုကာ ဆန်သိုလှောင်ထားသူများအား စုံစမ်းစစ်ဆေး မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံ၏ ဆန် ဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျဆင်းနေပြီး ဈေးကွက်အဝင်နှင့် ဝယ်လိုအားသည် နှေးကွေးနေခြင်းကြောင့် ရိတ်သိမ်းရာသီသစ်ကို စောင့်နေရကြောင်း ဗန်ကောက်အခြေစိုက် ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ဗီယက်နမ်နိုင်ငံတွင် ဆောင်း နှောင်း နွေဦး ရိတ်သိမ်းရာသီဖြစ်ခြင်းကြောင့် ဈေးကွက်အဝင် များပြီး ဆန်ဈေးနှုန်း ကျဆင်းခြင်းများ ဖြစ်နေသော်လည်း အား ကောင်းသည့် ကမ္ဘာ့ဝယ်လိုအားကြောင့် သိသိသာသာ ဈေးနှုန်း ကျဆင်းခြင်းကို တားဆီးပေးနိုင်လိမ့်မည်ဟု ကုန်သည်များ၏ ပြောကြားချက်အရ သိရှိရသည်။
ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်း (အသစ်)နယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ ၇၅၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။ ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ် အိတ်လျှင် ကျပ် ၇၅၀ဝ၀ မှ ၈၅၀ဝ၀ ကြား ပေါက်ဈေးရှိနေပြီး ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၅၁၀ဝ၀ မှ ၅၃၀ဝ၀ ပေါက်ဈေးရှိကာ ဧည့်မထ ရိုးရိုးဆန် တစ်အိတ်လျှင် ကျပ် ၄၉၅၀ဝ မှ ၅၁၀ဝ၀ ကြား ပေါက်ဈေးရှိနေပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းထပ်မံမြင့်တက်မှု မရှိ ကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃ ရက် အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၂၂၅၆၇၀ ဒသမ ၃၉၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇၄ ဒသမ ၅၂၇ သန်း၊ ဆန်ကွဲ တန်ချိန် ၈၁၂၄၆၅ ဒသမ ၄၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၁ ဒသမ ၇၄၂ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၀၃၈၁၃၅ ဒသမ ၈၀၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ပေါင်း ၇၅၆ ဒသမ ၂၆၉ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၂၁၇၇၆၆ ဒသမ ၂၇၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၄၃၀ ဒသမ ၁၇၇ သန်း၊ ဆန်ကွဲ တန်ချိန် ၇၄၆၆၇၁ ဒသမ ၉၈၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၁ ဒသမ ၂၄၇ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၉၆၄၄၃၈ ဒသမ ၂၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၆၁ ဒသမ ၄၂၄ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၇၉၀၄ ဒသမ ၁၂၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၃၅၀ သန်း၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၆၅၇၉၃ ဒသမ ၄၃၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၄၉၅ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ် မတ် ၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်အိတ်လျှင် ၁၀၄ - ၁၀၉ ယွမ် (ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၁၃ ကျပ်နှုန်းရှိသောကြောင့် ဆန် တစ်အိတ်လျှင် ၄၂၉၅၂ ကျပ်မှ ၄၅၀၁၇ ကျပ်ကြား) ပေါက်ဈေးရှိ ကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီ မြို့၌ ၂၀၂၃ ခုနှစ် မတ် ၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ အရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၈၃ ကျပ်နှုန်း ပေါက် ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၃၅၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပြည်မြို့တွင် ဧည့်မထဆန် တစ် ပြည်လျှင် ကျပ် ၂၀ဝ၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရှိရ သည်။
Trading Economics Website တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၇ ဒသမ ဝ၉ ရာခိုင်နှုန်း ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် မတ် ပထမပတ်တွင် နိုင်ငံတကာ ဆန် ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
Background