Main menu

Background

ဧပြီလအတွင်း ရော်ဘာနှင့်ပြောင်းတင်ပို့မှုအခြေအနေ

Tue, 05/23/2023 - 12:44 -- journal_editor

ရော်ဘာ
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ဝ၁၉ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၉၆၄၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများ အနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၇၉၆၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၇၀ဝကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၀ဝ ခန့်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ခန့်၊ ဂျပန်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၂၀ ခန့်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သည်။
ယခုလအတွင်း မြန်မာ-ထိုင်း  နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာ ၁၂၀၉ တန်နှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၇၀ ကျော် တင်ပို့ခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်း ရော်ဘာ တန်ချိန် ၁၃၈၀ ခန့် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၃ သန်းရရှိသည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု စုစုပေါင်း တန်ချိန် ၁၁၀၂၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ဒသမ ၆၃၂ သန်း ရရှိကြောင်း သိရသည်။
        
ပြောင်း    

ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၈၆ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၅၁၁၂၀ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတန် ချိန် ၄၈၂၅၀ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၂၇၇၀ ကျော် နှင့် ဗီယက်နမ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၀ဝ ခန့် တင်ပို့ခဲ့သည်။
ယခုလအတွင်း  နယ်စပ်ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၂၁၅ သန်း တန်ဖိုးရှိ ပြောင်း ၆၈၂၇၈ တန် တင်ပို့ခဲ့သည်။ တင်ပို့မှု များမှာ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၆၁၄၂၀ ကျော်နှင့်တင်ပို့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၆၈၅၀ ကျော် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှုတန်ချိန် ၁၁၉၃၉၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် ရရှိ ကြောင်း သိရသည်။

                                      
    အေးအေးသန့် (DOT)