မေ ၂၀ ရက်မှ၂၆ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆၉ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၂၇၀ဝ ကျော်တင်ပို့ကြောင်းသိရသည်။တင်ပို့မှု အနေဖြင့်ထိုင်းနိုင်ငံသို့ ပြောင်း ၁၁၃၂၅ တန်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်း ၁၃၈၄ တန် တင်ပို့သည်။
ယခုတစ်ပတ် မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၃၈၈၉၀ ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်မှုမှ ပြောင်းတန်ချိန် ၂၂၀ ကျော် တင်ပို့နိုင်သဖြင့် စုစုပေါင်းပြောင်းတန် ချိန် ၃၉၁၁၀ ကျော် တင်ပို့ပြီး အမေ ရိကန်ဒေါ်လာ ၁၂ဒသမ၂၀၃သန်း ရရှိ ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ် မှ ပြောင်းတန်ချိန် ၅၁၈၁၀ ကျော်တင်ပို့ နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၃၀ဝ၀ ကျော် ပိုမိုတင်ပို့ကြောင်း သိရသည်။
မေ ၂၀ ရက်မှ၂၆ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၁၅ သန်းတန်ဖိုးရှိ ရော်ဘာ ၂၅၃၇ တန် တင်ပို့နိုင်သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၂၀၁၆ တန်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၆၀၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်နှင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၀ ခန့် တင်ပို့သည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၁ဒသမ၃၅၁ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၁၄၀ ကျော် တင်ပို့သည်။ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ရော်ဘာ ၈၀၆ တန်နှင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၃၃၇ တန် တင်ပို့ကြောင်း သိရသည်။ နည်းလမ်း နှစ်သွယ်မှ ရော်ဘာတင်ပို့မှု တန်ချိန် ၃၆၈၀ ခန့်ရှိသဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာ တန် ချိန် ၁၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့ သည်။
အေးအေးသန့် (DOT)