Main menu

Background

မေလ တတိယပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 06/05/2023 - 12:01 -- journal_editor

မေ ၂၀ ရက်မှ ၂၆ ရက်ထိ  ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၆ ဒသမ ၃၇၄ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၇၀ဝ၀ ခန့် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ တန်ချိန် ၁၂၀ဝ၀ ကျော်၊  ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ အာရပ်စော်ဘွားများပြည်ထောင်စုမှ  တန်ချိန် ၁၀ဝ၀ ခန့်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ထိုင်ဝမ်မှ တန်ချိန် ၅၀ဝ ကျော်တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ် ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်မှုမှ မေ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၀၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၇၀ဝ၀ခန့် တင်သွင်းခဲ့သည်။ တင် သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၆၃၀ဝ ခန့်၊  ထိုင်းနိုင်ငံမှ တန်ချိန် ၇၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေ သြဇာတန်ချိန် ၄၀ဝ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရ သည်။
မေ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိ ကန်ဒေါ်လာ သုည  ဒသမ ၄၃၀  သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၅၀ဝ ခန့် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၃၀ဝ ခန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော်   တင်သွင်းခဲ့ကြောင်း သိရသည်။ 
မေ ၂၀  ရက်မှ ၂၆ ရက်ထိ ကာလအတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၄၄၆ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၅၅၀ဝ ကျော် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း  သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန် ချိန် ၃၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

အိမ့် (DOT)