မေ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၅၀ဝ ခန့် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ ခန့် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၁၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရ သည်။
မေ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ တန်ချိန် ၁၀ဝ ကျော် နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့မှုန့်တန်ချိန် ၁၅၀ ကျော် လျော့နည်း တင်သွင်းခဲ့ကြောင်း သိရသည်။
မေ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၄၉ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနား၊ ဘယ်လ် ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေ ရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၀ဝ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
မေ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈၄ သန်း ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ဝ ကျော် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ် ပတ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၇၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၃၀ ကျော် တင်သွင်းခဲ့သည်။
အိမ့် (DOT)