Main menu

Background

ပုသိမ်မြို့ စက်မှုစီမံကိန်း ဆိပ်ကမ်းမှ ပြည်ပနိုင်ငံသို့ အစေ့ထုတ်ပြောင်း စတင် တင်ပို့

Mon, 06/05/2023 - 12:37 -- journal_editor

ပုသိမ်မြို့ စက်မှုစီမံကိန်းဆိပ်ကမ်း (Ayeyarwaddy International Industrial Part) မှ ထိုင်းနိုင်ငံkhantangဆိပ်ကမ်းသို့ ပင်လယ် ရေကြောင်း ခရီးစဉ်ဖြင့် ပထမအကြိမ် MV-M(L-19) သင်္ဘောနှင့် အစေ့ထုတ်ပြောင်း တန်ချိန် ၂၇၀ဝ တင်ပို့မည်ဖြစ်ရာ မေ ၂၁ ရက်မှ စတင်၍ သင်္ဘောတင်လျက်ရှိကြောင်း သိရသည်။
ပုသိမ်ဆိပ်ကမ်းမှ အစေ့ထုတ်ပြောင်း တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေသည့်အပြင် Exporter ၊ ကုမ္ပဏီလုပ်ငန်းရှင်၊ စိုက်ပျိုးထုတ်လုပ်သူ၊  ကုန်တင်ကားပိုင်ရှင်နှင့် လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပြီး ရန်ကုန်မှတစ်ဆင့် တင်ပို့ရောင်းချခြင်းထက် သယ်ယူခစရိတ်များလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိ သော ပြည်ပပို့ကုန်များ တိုက်ရိုက်တင်ပို့ရောင်းချနိုင်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝပါ  ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အစေ့ထုတ်ပြောင်း တန်ချိန် ၅၀ဝ၀ဝ အထိ တင်ပို့ရန်လျာထားကြောင်း သိရသည်။

မင်းမင်းဦး (ပုသိမ်)