ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ဝ၅၅ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၇၀ဝ၀ ကျော် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုမန်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ခန့်၊ ရုရှားနိုင်ငံမှ တန်ချိန် ၂၅၀ဝကျော်၊ တောင်ကိုရီးယားနိုင်ငံ မှ တန်ချိန် ၁၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၈၀ဝကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၅၀ဝကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ် ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေ သြဇာတန်ချိန် ၁၆၀ဝ၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်း တန်ဖိုး ရှိ ဓာတ်မြေသြ ဇာ တန်ချိန် ၉၅၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန် ချိန် ၈၅၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ခန့် တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ် မြေသြဇာတန်ချိန် ၂၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရ သည်။
ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၁ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၈၀ ကျော် တရုတ် နိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတန်ချိန် ၂၃၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၅ သန်း တန်ဖိုးရှိ ဘိလပ် မြေတန်ချိန် ၄၅၀ဝ ခန့် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရ သည်။
အိမ့် (DOT)