Main menu

Background

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တန်ချိန် တစ်သောင်းလေးထောင်ကျော်တင်ပို့

Mon, 07/31/2023 - 11:27 -- journal_editor

ဇူလိုင်  ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း  ပုံမှန်ကုန်သွယ်မှုလမ်း ကြောင်းမှ  အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၅၂ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၆၀၄၀ ကျော်  တင်ပို့ခဲ့ကြောင်း သိရ သည်။  ဆန်တင်ပို့မှုအနေဖြင့်  အီးယူ အဖွဲ့ဝင်နိုင်ငံများသို့ ဆန် ၄၀၉၇ တန် နှင့် အာရှနိုင်ငံများသို့ ဆန် ၁၉၅၀ ခန့် တင်ပို့ခဲ့သည်။
အီးယူအဖွဲ့ဝင်  နိုင်ငံများအနက် ဆန်တင်ပို့သော  နိုင်ငံများမှာ  ဘူလ် ဂေးရီးယားနိုင်ငံသို့   ဆန် ၇၉၄ တန်၊ ပေါ်တူဂီနိုင်ငံသို့    ဆန်တန်ချိန် ၆၀ဝ၊ အီတလီနိုင်ငံသို့   ဆန်တန်ချိန် ၅၅၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန် ချိန် ၅၀ဝ၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ နယ်သာလန်နိုင်ငံသို့ ဆန် ၃၇၅ တန်၊ တူကီယဲနိုင်ငံသို့   ဆန်တန်ချိန် ၂၅၀၊ ပိုလန်နိုင်ငံသို့ ဆန်  ၁၂၅ တန်၊ လစ်သူရေးနီးယားနိုင်ငံသို့   ဆန် ၁၂၅ တန်၊   ချက်နိုင်ငံသို့ ဆန် ၁၄၇  တန်၊ ဂျာမနီနိုင်ငံသို့ဆန် ၁၀၄ တန် နှင့် ဂရိ နိုင်ငံသို့ ဆန် ၂၅ တန်  တင်ပို့ခဲ့သည်။ အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံ သို့  ဆန်တန်ချိန် ၁၈၂၀ နှင့် ဟောင် ကောင်သို့ ဆန် ၁၂၉ တန်ကျော်တင်ပို့ သည်။
ဇူလိုင် တတိယပတ်တွင်  မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ   အမေ ရိကန် ဒေါ်လာ သုည ဒသမ ဝ၈၉ သန်း တန်ဖိုးရှိ ဆန် ၁၉၉ တန် တင်ပို့ခဲ့သည်။ နည်းလမ်း နှစ်သွယ်မှ ဆန်တင်ပို့မှုတန် ချိန် ၆၂၄၀ ကျော်ရှိပြီး တန်ဖိုး  အမေ ရိကန်ဒေါ်လာ  သန်း  ၃ ဒသမ ၁၄၁ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် တင်ပို့ မှုနှင့်နှိုင်းယှဉ်ပါက  ဆန်တန်ချိန် ၂၃၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။
ဇူလိုင် ၁၅ ရက်မှ   ၂၁ ရက်ထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်း ကြောင်းမှ   အမေရိကန်ဒေါ်လာ   ၂ ဒသမ ၅၉၇ သန်းတန်ဖိုးရှိ ဆန်ကွဲတန် ချိန် ၆၄၅၀ ကျော် တင်ပို့ခဲ့ကြောင်း သိရ သည်။      ဆန်ကွဲတင်ပို့မှုအနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၂၅၀၊ ယူနိုက်တက်ကင်းဒမ်းသို့ ဆန် ကွဲတန်ချိန် ၁၇၅၀၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲ ၃၇၅ တန်၊ အီတလီနိုင်ငံသို့ဆန် ကွဲတန်ချိန် ၂၅၀၊ တရုတ်နိုင်ငံသို့ ဆန် ကွဲတန်ချိန် ၁၇၈၀ နှင့် စင်ကာပူနိုင်ငံသို့  ဆန်ကွဲ ၅၂ တန် တင်ပို့ခဲ့သည်။
ယခုတစ်ပတ်   မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ     အမေရိကန် ဒေါ်လာ သုည ဒသမ ၅၁၀ သန်းတန်ဖိုး ရှိ ဆန်ကွဲ ၁၃၀၈ တန် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ   ဆန်ကွဲတင်ပို့မှု တန်ချိန် ၇၇၆၀ ကျော်ရှိပြီး တန်ဖိုးအမေ ရိကန်ဒေါ်လာ  ၃ ဒသမ ၁၀၇ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက  ဆန်ကွဲတန်ချိန် ၂၄၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။  
ယခုတစ်ပတ်  ဆန်နှင့်  ဆန်ကွဲ တင်ပို့မှု စုစုပေါင်းတန်ချိန် ၁၄၀ဝ၀ ရှိ ကြောင်း သိရှိရသည်။

အေးအေးသန့် (DOT)