Main menu

Background

ယခုတစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေတင်သွင်းမှု အခြေအနေ

Mon, 07/31/2023 - 11:46 -- journal_editor

ဓာတ်မြေသြဇာ
    ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၈  ဒသမ ၈၇၃ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၅၀ဝ၀ဝ ကျော် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၄၅၀ဝ၀ ကျော်၊  ထိုင်ဝမ်မှ တန်ချိန် ၁၅၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှတန်ချိန် ၁၅၀ဝ ကျော် တောင်ကိုရီး ယားနိုင်ငံမှ  တန်ချိန် ၁၃၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ရုရှားနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော် တင်သွင်းခဲ့ ကြောင်းသိရသည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၁၈၀ဝ၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ ၂  ဒသမ ၉၈၅ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ ကျော်   တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန် ချိန် ၉၃၀ဝ ကျော်၊  ထိုင်းနိုင်ငံမှ  တန်ချိန် ၇၀ဝ ကျော် တင် သွင်းခဲ့သည်။ 
ဘိလပ်မြေ
    ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း  ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  သုည  ဒသမ ၁၀၈  သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၈၀ဝ ခန့် မလေးရှား နိုင်ငံမှ တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ် ပါက ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတန်ချိန်  ၄၀ဝ ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။  နယ်စပ်မှ ဇူလိုင် ၁၅  ရက် မှ ၂၁ ရက်ထိကာလအတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၃၂၂ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၄၀ဝ၀ ကျော်   ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။      

အိမ့် (DOT)